နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆေးရုံဝင်းအတွင်း ဖုန်းပျောက်ဆုံးဖူးသူများ လာရောက်စုံစမ်းနိုင်

နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆေးရုံဝင်းအတွင်း ဖုန်းပျောက်ဆုံးဖူးသူများ လာရောက်စုံစမ်းနိုင်
ဓာတ်ပုံ- နေပြည်တော်ရဲတပ်ဖွဲ့

နေပြည်တော်၊ မတ် ၁၅ ။                ။ နေပြည်တော်ကောင်စီနယ်မြေ ကုတင်(၁၀၀၀)ဆေးရုံဝင်းအတွင်း လာရောက်ဆေးကုသစဉ် ဖုန်းပျောက်ဆုံးခဲ့ဖူးသူများ လာရောက်စုံစမ်းနိုင်ကြောင်း   နေပြည်တော်ရဲတပ်ဖွဲ့က ကြေငြာထားသည်။

ယင်းအပြင် ဖုန်းခိုးယူသူအား ဖမ်းမိထားကြောင်းလည်း နေပြည်တော် အမှတ်(၃)နယ်မြေရဲစခန်းမှူး ရဲအုပ်ကိုကိုနိုင်က မဇ္ဈိမကို အတည်ပြုပြောသည်။

ဖြစ်စဉ်မှာ ၂၀၁၇ မတ်လ ၉ရက်က နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံ၊ အရိုးကုသဆောင်အတွင်းရှိ လူနာစောင့်တစ်ဦးထံမှ KENBO အမျိုးအစား၊ ရွှေရောင်လက်ကိုင်ဖုန်းတစ်လုံး၊ ဆင်းကဒ်နံပါတ်09-457082947၊ တန်ဖိုး (၉၉၀၀၀)ကျပ်အား ခိုးယူသူဟု ယူဆရသူကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း(ပ)၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံဝင်းအတွင်း ယခင်ကပျောက်ဆုံးခဲ့သော လက်ကိုင်ဖုန်းများနှင့်ပတ်သက်၍ ၎င်းအား ဆက်လက်စစ်ဆေးဖော်ထုတ်ရာ လက်ကိုင်ဖုန်းမျိုးစုံ ၂၉လုံး ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်းလည်း နေပြည်တော်ရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ လက်ကိုင်ဖုန်းများ၏ ပိုင်ရှင်ကို စုံစမ်းလျက်ရှိပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဖုန်းပျောက်ဆုံးဖူးသူများသည် အမှတ်(၃)နယ်မြေရဲစခန်းမှူး၊ ရဲအုပ် ကိုကိုနိုင်၊ ဖုန်း ၀၉- ၈၅၆၈၉၀၃ (သို့မဟုတ်) အမှတ်(၃)နယ်မြေရဲစခန်း၊ ဖုန်း- ၀၆၇-၄၂၀၁၀၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိဖုန်းများထဲမှ ဖုန်းသုံးလုံး၏ ပိုင်ရှင်များသာ လာရောက်အကြောင်းကြားထားပြီး ကျန်ရှိသည့်ဖုန်းပိုင်ရှင်များကိုမူ မသိရသေးကြောင်း ရဲအုပ်ကိုကိုနိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly