တာမွေမြို့နယ်မှ ထွေအုပ် ဒုဦးစီးတစ်ဦး ကြိုးဆွဲချသေဆုံး

တာမွေမြို့နယ်မှ ထွေအုပ် ဒုဦးစီးတစ်ဦး ကြိုးဆွဲချသေဆုံး

ရန်ကုန် ၊ မတ် ၁၅ ။           ။ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသက် ၂၇ နှစ် အရွယ် ဒုဦးစီးမှူး တစ်ဦး ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က အတည်ပြုပြောကြားသည်။

"ကျွန်တော်အဲ့နေရာရောက်သွားတော့ အဲ့အလောင်းကို ဆေးရုံသယ်သွားပြီ။ ရုံးမတက်လို့ တံခါးသွားဖွင့်တာမှာ တွေ့တယ်လို့ သိရတယ်ဗျ" ဟု ဦးသိိန်းမြင့်က ပြောသည်။

သေဆုံးသူသည် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး နေမျိုးဆွေ ဆိုသူဖြစ်ပြီး တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်၊ အဝေရာလမ်းအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်း အတွင်းရှိ လိုင်းခန်းအနောက်ဘက်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စဖြင့် ပတ်သက်ပြီး တာမွေမြို့နယ် ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း တာဝန်မှူး မရှိသောကြောင့် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly