ပခုက္ကူ၊ တွင် ကလေးငယ် ၂ဦး ရေနစ်သေဆုံး

ပခုက္ကူ၊ တွင် ကလေးငယ် ၂ဦး ရေနစ်သေဆုံး

ပခုက္ကူ မတ် ၁၄ ။           ။ ပခုက္ကူမြို့ အမှတ် ၁၀ရပ်ကွက် တောင်ဘက် ဧရာဝတီမြစ်အတွင်းတွင် မတ်လ ၁၄ရက်နေ့ ညနေအချိန်တွင် မြစ်အတွင်းရေချိုးရာမှ ရေနစ်ဆုံးခဲ့ကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါ ကလေး ၂ ဦးမှာ အမှိုက်ပစ်ရန်လာရင်း ရေဆင်းချိုးရာမှ ရေနစ်ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်တွင် အဝတ်လျှော်နေသည့် အမျိုးသမီးတစ်ဦးမှ အော်ဟစ်အကူအညီ တောင်းခဲ့သည်။

ကလေး ၂ ဦးအား ဆယ်ယူ၍ ဆေးရုံပို့စဉ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ကူညီသူ တစ်ဦးက ဆိုသည်။

"သေဆုံးသူတွေက အသက် ၁၀နှစ်ဝန်းကျင် မိန်းကလေး ၂ဦးဖြစ်ပါတယ်။ရေနစ်လို့ မျက်မြင်အမျိုးသမီးက ရပ်ကွက်ထဲ လာပြီးအကူအညီတောင်းလို့ သွားရောက်ကူညီခဲ့ရတာပါ ။ဒါပေမယ့် ဆေးရုံပို့နေတုန်း လမ်းမှာဘဲ အသက်သေဆုံးသွားခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရန် ပခုက္ကူမြို့မ ရဲစခန်း မှ သေမှုသေခင်းအမှတ် (၄/၂၀၁၇)ဖြင့် အမှုဖွင့် စစ်ဆေးထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly