မားစ်ရောဂါဖြစ်ပွားမှု အဆုံးသတ်သွားပြီ ဟုတောင်ကိုရီးယားကြေညာ

မားစ်ရောဂါဖြစ်ပွားမှု အဆုံးသတ်သွားပြီ ဟုတောင်ကိုရီးယားကြေညာ

ဆိုးလ်၊ ဇူလိုင် ၂၈ ။       ။ လူ ၃၆ ဦးသေဆုံးစေခဲ့သည့် ကြောက်မက်ဖွယ် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ (မားစ်) ဖြစ်ပွားမှုမှာ အဆုံးသတ်သွား ပြီဖြစ်ကြောင်း တောင်ကိုရီးယားက ဇူလိုင် ၂၈ တွင်ကြေညာခဲ့သည်။ ရောဂါဖြစ်ပွားခဲ့မှုကြောင့် ကြီးမားကျယ်ပြန့်သည့် စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ အာရှ၏ စတုတ္ထအကြီးဆုံးစီးပွားရေးတောင်ကိုရီးယား၏ စီးပွားရေးတိုးတက်မှုအတွက်လည်း အဟန့်အတားဖြစ်ခဲ့သည်။

ဆော်ဒီအာရေဘီးယားနိုင်ငံ၏ ပြင်ပတွင် အကြီးမားဆုံးဖြစ်ပွားခဲ့သည့် ဗိုင်းရပ်၏ အန္တရာယ်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆိုးလ်မြို့တော်တွင် ပြုလုပ်ခဲ့သော အစိုးရအရာရှိများ၏ အစည်းအဝေးတစ်ခုတွင် ဝန်ကြီးချုပ် ဟွန်ကျိုအန်းက ပြောကြားခဲ့သည်။

"အခြေအနေအရပ်ရပ်ကို ချိန်ဆပြီးတဲ့နောက် ပြည်သူတွေဟာ အခုချိန်မှာ စိုးရိမ်သောကကင်းစွာနေနိုင်ပြီဖြစ်တဲ့အကြောင်း ဆေးဘက်ဝန်ထမ်းတွေနဲ့ အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ မားစ်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုအားလုံး ဖယ်ရှားပစ်လိုက်ဖို့ ပြည်သူတွေကို ကျွန်တော်တောင်းဆိုပါတယ်။ နောက်ပြီး စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အပမ်းဖြေမှုနဲ့ စာသင်ကျောင်းကိစ္စတွေမှာ နေ့စဉ်ပုံမှန်အတိုင်း လှုပ်ရှားနိုင် ပါပြီ"ဟု မစ္စတာဟွန်က ပြောကြားခဲ့သည်။

မေ ၂၀ကစ၍ ရောဂါတွေ့ရှိခဲ့သော တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူ ၁၈၆ ဦးရှိခဲ့ပြီး ၃၆ ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly