ဒေါ်နယ်ထရမ့်ပုံစံ ၀တ်ဆင်ထားသည့်သူအား ကစားစရာသေနတ်ဖြင့်ပစ်သည့် ဗွီဒီယိုကြောင့် Snoop Dogg ဝေဖန်ခံရ

ဒေါ်နယ်ထရမ့်ပုံစံ ၀တ်ဆင်ထားသည့်သူအား ကစားစရာသေနတ်ဖြင့်ပစ်သည့် ဗွီဒီယိုကြောင့် Snoop Dogg ဝေဖန်ခံရ

သီချင်းဗွီယိုတစ်ခုတွင် နာမည်ကျော်ရက်ပ်အဆိုတော် Snoop Dogg သည် ဒေါ်နယ်ထရမ့်ပုံစံ ၀တ်ဆင်ထား သည့်သူတစ်ဦးအား ကစားစရာသေနတ်ဖြင့်ပစ်သည့် ပုံစံအတိုင်း သရုပ်ဆောင်ခဲ့သောကြောင့် ဝေဖန်ခံနေရ သည်။

ဖလော်ရီဒါအမတ် မာကိုရူဘီယိုက အမေရိကန်သမ္မတ ပုံစံဝတ်ဆင်ထားသည့် သူတစ်ဦးအား သီချင်းဗွီဒီယို ထဲတွင် သေနတ်ဖြင့်ပစ်သည့်ပုံစံ လှောင်ပြောင်သရုပ်ဆောင်ခဲ့သော Snoop Dogg ၏လုပ်ရပ်သည် မိုက်မဲခြင်း သာ ဖြစ်သည်ဟု ပြောခဲ့သည်။

“အကယ်၍များ မကောင်းတဲ့သူတစ်ဦးဦးက အဲ့လိုမျိုးမဟုတ်မမှန်တဲ့ အကြံဉာဏ်ရသွားခဲ့မယ်ဆိုရင် ကျနော်တို့ ပြသနာအကြီးကြီးနဲ့ ရင်ဆိုင်ရမှာပါ” ဟု မစ္စတာရူဘီယိုက ပြောခဲ့သည်။

ကနေဒါဂီတအဖွဲ့ Bad Bad NotGood ၏ Lavender အမည်ရှိသီချင်းကို အရောအနှောဖြင့် ဖန်တီးထားသော သီချင်းဗွီဒီယိုထဲတွင် Snoop Dogg နှင့် Kaytranada တို့ကပါ၀င်သီဆိုထားသည်။

“Snoop အဲ့လိုမလုပ်သင့်ပါဘူး။ အမေရိကန်သမ္မတတွေကို လုပ်ကြံမှုဟာ အရင်ကတည်းကရှိခဲ့ပါတယ်။ ဒါကြောင့် အဲ့လိုမျိုးကိစ္စတွေဟာ ကျနော်တို့ ပြည်သူတွေ အလေးထား ဂရုပြုရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်” ဟု မစ္စတာ ရူဘီယိုက ပြောခဲ့သည်။

အဆိုပါသီချင်းဗွီဒီယိုထဲတွင် Snoop သည် ဒေါ်နယ်ထရမ့်ပုံစံ ၀တ်ဆင်ထားသော သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သေနတ်ထဲမှ “Bang” ဟု ရေးသားထားသော အလံကလေးထွက်လာသည်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly