Espresso ကော်ဖီ ကောင်းကောင်း တစ်ခွက်အတွက် Espresso Milano နဲ့ ဖြတ်သန်းမယ်

Espresso ကော်ဖီ ကောင်းကောင်း တစ်ခွက်အတွက် Espresso Milano နဲ့ ဖြတ်သန်းမယ်

အရသာ ထူးကဲလှတဲ့ အီတလီ Espresso ကော်ဖီကိုကိုယ့်အိမ်မှာပဲ အလွယ်တကူ ဖျော်စပ်သောက်သုံးနိုင်မယ့် Espresso Milano ကော်ဖီဖျော်စက်များ မြန်မာနိုင်ငံမှာဝယ်ယူနိုင်ပါပြီ။ Espresso   ကော်ဖီ ကောင်းကောင်းတစ်ခွက်ဆိုတာ ကော်ဖီဆိုင်တိုင်းမှာတောင် ရနိုင်တာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကော်ဖီကောင်း ကြိုက်တတ်သူတွေဟာတကယ့် Espresso ကော်ဖီကောင်းကောင်း ရနိုင်တဲ့ဆိုင်တွေကို တကူးတက သွားသောက်ရလေ့ရှိပါတယ်။

ကိုယ့်အိမ်မှာကိုယ် Espresso ကော်ဖီတစ်ခွက်ကို ဇိမ်ကျကျသောက်ရတာကတော့ ကော်ဖီချစ်သူတွေအတွက် အတော်လေး စိတ်ကျေနပ်စရာ ဖြစ်မှာသေချာပါတယ်။ အခုဆိုရင်အီတလီ Espresso ကော်ဖီကို ကိုယ့်အိမ်မှာပဲ အလွယ်တကူ ဖျော်စပ် သောက်သုံးနိုင်စေမယ့် Espresso Milano ကော်ဖီဖျော်စက်တွေကို မြန်မာနိုင်ငံမှာတင် ဝယ်ယူလို့ရနေပြီ ဖြစ်ပါတယ်။

မိသားစုအလိုက် လိုအပ်ချက်နဲ့ကိုက်ညီတဲ့ Espresso Milano ကော်ဖီဖျော် စက်မော်ဒယ်တွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၀၀ရာခိုင်နှုန်း အာရေဗီးကား ကော်ဖီစေ့တွေကို ရောစပ်ထားပြီး ကိုယ့်အကြိုက် အရသာအလိုက် ရွေးချယ်နိုင်မယ့် ကော်ဖီ Blend Capsule အမျိုးမျိုးကိုလည်း Espresso Milano က ရောင်းချပေးနေတာကြောင့် ကော်ဖီချစ်သူတွေ အနေနဲ့ စိတ်ကြိုက်အရသာကို အသင့်ရွေးချယ် သောက်သုံးနိုင်မှာဖြစ်ပါတယ်။

Espresso Milano ကော်ဖီဖျော်စက်နဲ့ coffee blend capsules တွေကို အသုံးပြီး ဖျော်စပ်ရတာကလည်း အလွန်လွယ်ကူတာကြောင့် အလုပ်မရှုပ် ကရိကထမများဘဲ Espresso ကော်ဖီကောင်းကောင်း တစ်ခွက်ကို အိမ်မှာတင်ပဲ ကိုယ်အလိုရှိတဲ့အချိန် သောက်သုံးနိုင်မှာဖြစ်ပါတယ်။

Espresso Milano ကော်ဖီဖျော်စက်တွေရဲ့ စျေးနှုန်းက မြန်မာငွေကျပ် ၁သိန်းကျော်ကနေ ၃သိန်းဝန်းကျင်အထိ အမျိုးမျိုးရှိပြီး Espresso Milano Club အဖွဲ့ ဝင်ရောက်ထားသူတွေအတွက် အိမ်အရောက်၊ ရုံးအရောက် အခမဲ့ ပို့ဆောင်ပေးတဲ့ အစီအစဉ်တွေလည်း ရှိနေပါတယ်။

Espresso Milano ကော်ဖီဖျော်စက်တွေအကြောင်း အသေးစိတ်သိရှိလိုတယ်ဆိုရင် ဖုန်းနံပါတ် - 09779999131 ၊ 09253664422 ၊ 09253446622 တို့ကိုဆက်သွယ်မေးမြန်းနိုင်သလို Espresso Milano ရဲ့Facebook - https://www.facebook.com/espressomilano/ကို ဝင်ရောက်ပြီးတော့လည်း ကိုယ်တိုင်လေ့လာ ကြည့်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly