ဝှိုက်နေးဟူစတန်၏ သမီးဖြစ်သူ ဘော့ဘီခရစ္စတီးနားဘရောင်း ကွယ်လွန်

ဝှိုက်နေးဟူစတန်၏ သမီးဖြစ်သူ ဘော့ဘီခရစ္စတီးနားဘရောင်း ကွယ်လွန်

အမေရိကန်ု ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ ဘော့ဘီခရစ္စတီးနားဘရောင်းသည် အက်လန်တာဒေသရှိ ၎င်း၏ နေအိမ်ရေချိုးကန်တွင် မတော်တဆမှုဖြစ်ပွားခဲ့ပြီး ခြောက်လကြာ သတိမေ့မြောခဲ့ဲ ပြီးနောက် ဇူလိုင် ၂၆ ရက်က ကွယ်လွန်သွားပြီဖြစ်ကြောင်းနှင့် ကွယ်လွန်ချိန်တွင် အသက် ၂၂ နှစ်သာ ရှိသေးကြောင်း တရားဝင်ထုတ်ပြန်သည်။

ဘရောင်းကို ဇန်နဝါရီ ၃၁ ရက်က သူငယ်ချင်းဖြစ်သူတစ်ဦးနှင့် ၎င်း၏ ချစ်သူတို့က နေအိမ် ရေချိုးကန်တွင် မလှုပ်ယှက်ဘဲ ခေါင်းငိုက်စိုက်နှင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘရောင်း၏ အခြေအနေ သည် ဆိုးရွားလာမှုကြောင့် လွန်ခဲ့သည့် တစ်လက ဘရောင်းကို ဂျော်ဂျီယာပြည်နယ် ဒူလက်မြို့ရှိ နာတာရှည် ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။

ဘရောင်း၏ မိခင်ဖြစ်သူ ဂရမ်မီဆုရှင် ဝှိုက်နေးဟူစတန်သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က Beverly Hills ဟိုတယ် ရေချိုးကန်တွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကွယ်လွန်ချိန် တွင် အသက် ၄၈ နှစ်အရွယ်ရှိပြီး ကိုကိန်းများ အလွန်အကျွံ သုံးစွဲမှုနှင့် နှလုံးရောဂါကြောင့် သေဆုံး ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

မိခင်ဖြစ်သူ ကွန်လွန်ပြီး သုံးနှစ်အကြာတွင် ဘရောင်းကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လက ဘရောင်း၏ ချစ်သူဖြစ်သူ နစ်ခ်ဂေါ်ဒန်ကို ဘရောင်းမေ့မြောနေစဉ် ဘရောင်း၏ ဘဏ်အကောင့် ကို ခိုးယူမှုနှင့် ဘရောင်းအား အသက်အန္တရာယ်ခြိမ်းခြောက်သည့် ဒဏ်ရာများရအောင် လုပ်ဆောင်မှု တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ဘရောင်းသည်  ၂၀၁၂ ခုနှစ်က Lifetime ရုပ်သံဌာန၏  The Houstons: On Our Own အစီအစဉ်တွင် ရုပ်သံတင်ဆက်သူအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ အလားတူနှစ်အတွင်း ဘရောင်း သည် လက်ထပ်ပြီးစုံတွဲတို့အကြောင်း ရိုက်ကူးသည့် For Better or Worse အစီအစဉ်တွင် ဧည့်သည် အဖြစ် ပါဝင်သရုပ်ဆောင်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly