လန်ဒန်တွင် ဒလိုင်းလားမား၏ ရှေ့မှောက်၌ တိဘက်ဘုန်းတော်ကြီးဟောင်း တစ်ဦးက သီချင်း သီဆိုမည်

လန်ဒန်တွင် ဒလိုင်းလားမား၏ ရှေ့မှောက်၌ တိဘက်ဘုန်းတော်ကြီးဟောင်း တစ်ဦးက သီချင်း သီဆိုမည်

လန်ဒန်တွင် ကျင်းပမည့် ဂီတဖျော်ဖြေပွဲကြီး တစ်ခုတွင် တိဘက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဟောင်း တစ်ဦးသည် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ရှေ့မှောက်တွင် သီချင်းသီဆို ဖျော်ဖြေမည် ဖြစ်သည်။  

တိဘက်ဘုန်းတော်ကြီးဟောင်း Ngawang Lodup ၏ ဂီတပါရမီကို “BBC Radio 3” အစီအစဉ်က တင်ဆက်ခဲ့ပြီးနောက် သူသည် ဒလိုင်းလားမား၏ ရှေ့မှောက်တွင် စက်တင်ဘာလ၌ သီချင်းသီဆို မည်ဖြစ်သည်။

Ngawang Lodup သည် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက လူဝတ်လဲခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် လန်ဒန်၌ အခြေချနေထိုင်လျက်ရှိသည်။

သူသည် တိဘက်အသိုင်းအဝိုင်းတွင် ထင်ရှားသူ တစ်ဦးဖြစ်ကာ မကြာသေးမီက ထုတ်လွှင့်ခဲ့ သော “Radio 3” အစီအစဉ်ကြောင့်လည်း သူ့အား ပိုမို လူသိများလာခဲ့သည်။

စက်တင်ဘာလ ၁၉ ရက်တွင် လန်ဒန်ရှိ 02 Arena ၌ ဒလိုင်းလားမား ဟောပြောမည်ဖြစ်ရာ Ngawang Lodup က ထိုအခမ်းအနားတွင် သီဆိုဖျော်ဖြေမည်ဖြစ်သည်။  

ကျေးလက်ရိုးရာ အဆိုတော် Lodup သည် “BBC Radio 3” အစီအစဉ်အဖြစ် Wiltshire ဒေသတွင် Womad ပွဲတော်၌ ပါဝင်ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။  

သူသည် ကိုယ်ပိုင်သီချင်းများ ဖန်တီးကာ လျှပ်စစ် မယ်ဒလင်နှင့် Dranyen တိဘက်ရိုးရာ ကြိုးတပ်တူရိယာ တို့ကိုလည်း တီးခတ်ခဲ့သည်။

“ဘုန်းတော်ကြီး ဒလိုင်းလားမား ဟောပြောမယ့် 02 က ပွဲမှာ သီဆိုခွင့်ရတဲ့အတွက် ကျွန်တော် တကယ်ကို ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ပြောသည်။

“ဆရာတော်ဟာ ကမ္ဘာအရပ်ရပ်က သန်းပေါင်းများစွာသော သူတွေကို အားပေးလှှုံ့ဆော်နိုင် သူပါ။ ပြီးတော့ ဆရာတော်ဟာ ငြိမ်းချမ်းရေး၊ မေတ္တာကရုဏာ၊ လွတ်လပ်မှှုနဲ့ ဘာသာပေါင်းစုံ သင့်မြတ်မှှုတွေအတွက် ဘဝကို ပေးဆပ်မြှုပ်နှံထားသူပါ” ဟုလည်း Lodup က ပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly