ဗန်းမော်တွင် ဘောလုံးအကယ်ဒမီအတွက် ကစားသမား ရွေးချယ်မည်

ဗန်းမော်တွင် ဘောလုံးအကယ်ဒမီအတွက် ကစားသမား ရွေးချယ်မည်

လာမည့် မနက်ဖြန် မတ်လ(၁၅)ရက်နေ့တွင် ဗန်းမော်မြို့၊ ခရိုင်အားကစားကွင်းတွင် ကစားသမား ရွေးချယ်မှုများ စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ လူငယ်များသည် သက်ဆိုင်ရာ အား/ကာ ရုံးများ၊ Hot Line 09 452 030 400 သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်း ရွေးချယ်ခြင်း ခံယူနိုင်သည်။

ကစားသမား ရွေးချယ်မှုများပြုလုပ်ရန် ဘောလုံး အကယ်ဒမီ ကစားသမား ရွေးချယ်ရေး အဖွဲ့(၁)သည် မတ်လ ၁၄ ရက်တွင် မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာသွားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

ယင်းနောက် အဖွဲ့(၁) အစီအစဉ်အတိုင်း အခြားမြို့များသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly