ဘင်္ဂါလီ အားလုံးကို မြန်မာအစိုးရက နှင်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ကုလလူ့အခွင့်အရေး စုံစမ်းရေးမှူး ပြော

ဘင်္ဂါလီ အားလုံးကို မြန်မာအစိုးရက နှင်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ကုလလူ့အခွင့်အရေး စုံစမ်းရေးမှူး ပြော

မတ်လ ၁၃ ။            ။ မြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီ (ရိုဟင်ဂျာ) အားလုံးကို နိုင်ငံတွင်းကနေ နှင်ထုတ်ပစ်ဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနေနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Ms. Yanghee Lee က မတ်လ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

မွတ်ဆလင်လူနည်းစုအသိုင်းအဝိုင်းအပေါ် ကျူးလွန်နေတယ်ဆိုတဲ့ ဖိနှိပ်မှုတွေနဲ့ပတ်သက်လို့ အဆင့်မြင့်လယ်ဗယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ၎င်းက ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တိုက်တွန်းပြောကြားသွားခဲ့တယ်လို့ The Strait Times မှာ ဖော်ပြထားပါတယ်။

" တွေ့ရှိထားတဲ့ အထောက်အထားတွေအရတော့ မြန်မာအစိုးရအနေနဲ့ သူ့နိုင်ငံထဲကနေ ရိုဟင်ဂျာတွေ အားလုံးကို နှင်ထုတ်ပစ်ဖို့ ကြိုးစားကောင်း ကြိုးစားနေနိုင်ပါတယ်" လို့ ၎င်းက ကုလ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ပြောသွားခဲ့တာပါ။

၂၀၁၂ ခုနှစ် နဲ့  ၂၀၁၄ ခုနှစ်တို့အကြား ဖြစ်ထားခဲ့တဲ့ ချိုးဖောက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ အဆင့်မြင့်လယ်ဗယ် စုံစမ်းစစ်ဆေးမှုအဖွဲ့တစ်ခုပါ ဖွဲ့ပြီး စစ်ဆေးသွားဖို့ Lee က ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ကုလစုံစမ်းစစ်ဆေးရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း အမျိုးသမီးတွေကို စစ်သားများက အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်စဉ်တွေ၊ ကလေးငယ်တွေ သတ်ဖြတ်ခံရတာမျိုးတွေ ရှိခဲ့တယ်လို့လည်း စွပ်စွဲချက်တွေ ထွက်ပေါ်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly