မကွေးတိုင်းအတွင်း ရေရှားပါးသောဒေသများသို့ အလှူရှင်များက သောက်သုံးရေ လှူဒါန်း

မကွေးတိုင်းအတွင်း ရေရှားပါးသောဒေသများသို့ အလှူရှင်များက သောက်သုံးရေ လှူဒါန်း

မကွေး မတ် ၁၄ ။            ။ ယခုနှစ် မကွေးတိုင်းအတွင်း ရေရှားပါးမှုစတင်ကြုံတွေ့နေရသောဒေသများသို့ ရပ်နီး၊ရပ်ဝေးမှ ပုဂ္ဂလိကအလှူရှင်များနှင့် ပုဂ္ဂလိကအလှူရှင်များက သောက်သုံးရေ လှူဒါန်းမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းသည် နှစ်စဉ်နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရပြီး၊ ယခုနှစ်တွင် မကွေး၊တောင်တွင်း၊နတ် မောက်နှင့် ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများတွင် သောက်သုံးရေရှားပါးမှု စတင်ကြုံတွေ့နေရပြီဖြစ်သည်။

ကျေးလက်များတွင် ရေတွင်းမတူးနိုင်သည့် အတွက် ရေအခက်အခဲနှစ်စဉ်ကြုံတွေ့ရသည် ဟု တစ်ကိုယ်တော်ပရဟိတဆောင်ရွက်နေ သူ ဦးဇော်မင်းထိုက်က ဆိုသည်။

"နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးမှု က နှစ်တိုင်းဖြစ်ပေါ်နေတယ်၊အညာဒေသက တောသူတောင်သားတွေ၊လက်လုပ်လက်စား တွေဖြစ်တဲ့အတွက် ရေတွင်းတူးဖို့ကမလွယ် ဘူး။ သူတို့ ခက်ခဲနေတဲ့ ရေအခက်အခဲကို တစ်ပိုင်တစ်နိုင် ပူးပေါင်းပါဝင်ပြီးတော့ ကူညီဖြေရှင်း ပေးတဲ့သဘောပါ"ဟု ကိုဇော်မင်းထိုက် ကပြောသည်။

ထို့ပြင် လက်ရှိအနေအထားတွင် ဆိုးဆိုးဝါးဝါး သောက် သုံးရေပြတ်လတ်ခြင်း မကြုံတွေ့ရသေး သော်လည်း ကြိုတင်ပြင်ဆင်မှုအနေနှင့် ရပ်နီး ရပ်ဝေးမှ အလှူရှင်များနှင့်ချိတ်ဆက် ဆောင် ရွက်နေပြီဖြစ်ကြောင်း ၄င်းက ဆက်ပြော သည်။

ယနေ့ မတ်လ ၁၄ ရက်၊နေ့လည်ပိုင်းကလည်း မကွေးမြို့နယ်၊ကြာကန်ကျေးရွာ၊အနောက် မြောက်တဲတိုက်နှင့် ဘုန်းတော်ကြီး ကျောင်းများသို့ ရပ်နီး၊ရပ်ဝေးမှ ပုဂ္ဂိလိကအလှူ ရှင်များက သောက်သုံးရေ လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly