အမေရိကန် Billobard ဇယား၏ ထိပ်ဆုံးနေရာများအား အက်ဒ်ရှီရန်း အပိုင်သိမ်းထား

အမေရိကန် Billobard ဇယား၏ ထိပ်ဆုံးနေရာများအား အက်ဒ်ရှီရန်း အပိုင်သိမ်းထား

ဗြိတိန်သီချင်းရေးဆရာနှင့် အဆိုတော်ဖြစ်သူ အက်ဒ်ရှီရန်းသည် အမေရိကန် Billboard ၏ အကောင်းဆုံး အယ်လ်ဘမ် ၂၀၀စာရင်းတွင် သူ၏ အယ်လ်ဘမ်အသစ် “Divide” ဖြင့်ဦးဆောင်နေပြီး အကောင်းဆုံးသီချင်း ၁၀၀ ဇယားတွင်လည်း သူ၏ Shape of You သီချင်းဖြင့် နံပါတ်တစ်နေရာ၌ ရပ်တည်နေသည်။

အက်ဒ်ရှီရန်း၏ သီချင်းအယ်လ်ဘမ်အသစ်သည် အမေရိကန်၌ စတင်ရောင်းချသည့် ပွဲဦးထွက်အပတ်မှာတင် အချပ်ရေ ၄၅၁၀၀၀ ခန့်ရောင်းချခဲ့ရပြီး ယခုနှစ်အတွင်း အမေရိကန်၌ ပွဲဦးထွက်ရောင်းအား အကောင်းဆုံး သီချင်းအယ်လ်ဘမ် ဖြစ်လာခဲ့သည်။

သူ၏ အယ်လ်ဘမ်အသစ် Divide သည် အမေရိကန်၌သာ အောင်မြင်သည်မဟုတ်ပဲ သူ၏မွေးရပ်မြေ ဗြိတိန်၌ လည်း ပိုမိုရောင်းအားကောင်းခဲ့ပြီး ဗြိတိန်သီချင်းအယ်လ်ဘမ်သမိုင်း၌ အမြန်ဆုံးသီချင်းခွေရောင်းချနိုင်သည့် အမျိုးသားအဆိုတော်တစ်ဦးအဖြစ် ပြီးခဲ့သော သောကြာနေ့တွင် မှတ်တိုင်စိုက်ထူနိုင်ခဲ့သည်။

အက်ဒ်ရှီရန်သည် လာမည့် ဂျူလိုင်လတွင် ထုတ်လွှင့်မည့် နာမည်ကျော် ရုပ်သံဇာတ်လမ်း Game of Thrones တွင် ပါ၀င်သရုပ်ဆောင်မည်ဆိုသော သတင်းကိုလည်း  အဆိုပါဇာတ်လမ်းကို ထုတ်လုပ်သူများက ယခုအပတ်အတွင်း ကြေညာခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly