မလေးရှားတွင် Beauty and the Beast ဇာတ်ကား ပြသမည့်ရက်ရွှေ့ဆိုင်း

မလေးရှားတွင် Beauty and the Beast ဇာတ်ကား ပြသမည့်ရက်ရွှေ့ဆိုင်း

မလေးရှားနိုင်ငံတွင် Beauty and the Beast ရုပ်ရှင်ဇာတ်ကား ပြသမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ရသည်။

ပြီးခဲ့သောအပတ်တွင် ပရိသတ်များ မျှော်လင့်စောင့်စားမှု အများဆုံးဖြစ်သော Beauty and the Beast ရုပ်ရှင်ထဲ၌ “လိင်တူချစ်သူ” အခန်းများပါ၀င်မည်ဟု ကြေညာခဲ့သောကြောင့် အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့ သည်။

မလေးရှားနိုင်ငံတွင် လာမည့်ကြာသာပတေးနေ့၌ ပြသရန်စီစဉ်ထားသော်လည်း ရုပ်ရှင်ထဲတွင်ပါ၀င်မည့် အခန်း များကို ပြန်လည်သုံးသပ်မည် ဖြစ်သောကြောင့် ဆိုင်းငံ့ထားသည်ဟု ဒစ်စနေးကုမ္ပဏီက ပြောခဲ့သည်။

မလေးရှားဆင်ဆာဘုတ်အဖွဲ့မှ ဇာတ်ကားကိုပြသခွင့်ပေးခဲ့သော်လည်း လိင်တူချစ်သူ ဇာတ်ဝင်ခန်းများပါ၀င် သည့် အပိုင်းများကို အနည်းငယ်ဖြတ်တောက်သွားမည်ဟု ယနေ့အင်္ဂါနေ့တွင် ပြောခဲ့သည်။

မလေးရှားနိုင်ငံ၏ ခရီးသွားလာရေးဝန်ကြီးက အဆိုပါရုပ်ရှင်အား ပြသခွင့်ပိတ်ပင်ခြင်းသည် ရူးနှမ်းမှုတစ်ခုဖြစ် သည်ဟု ပြောခဲ့သော်လည်း မူစလင်အများစု နေထိုင်သော မလေးရှားနိုင်ငံတွင် လိင်တူခြင်းစိတ်ဝင်စားမှုသည် တရားမဝင် ကိစ္စရပ်တစ်ခုဖြစ်သည်။

ပြသမည့် နေ့ရက်အသစ်ကို မကြာခင်ကြေညာတော့မည်ဖြစ်ပြီး ကာတွန်းဇာတ်လမ်းကို အသက်သွင်းထားသော Beauty and the Beast ရုပ်ရှင်ကို PG-13 အဆင့်သတ်မှတ်ထားပြီး မိဘအုပ်ထိန်းသူနှင့်အတူ ကြည့်ရှုရမည် ဟု ဆိုထားသည်။

“ကျနော်တို့ ရုပ်ရှင်ကိုပြသဖို့ အတည်ပြုပေးထားတာကြောင့် တခြားပြသနာမရှိတော့ပါဘူး။ ပြသခွင့်ရရှိပြီဆို တာနဲ့ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်” ဟု မလေးရှားဆင်ဆာဘုတ်အဖွဲ့မှ ဥက္ကဌဖြစ်သူ ဒါတက်ခ် အက်ဘ်ဒူဟာမစ်က ပြောခဲ့သည်။

နိုင်ငံတွင်းရှိရုပ်ရှင်ရုံများသည် ကြိုတင်ငွေပေးချေ၍ လက်မှတ်ဝယ်ယူထားသော ပရိတ်သတ်များကို ငွေပြန်အမ်း ပေးနေကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly