ဧရာဝတီ မြစ်ညှာမြစ်ဝှမ်းတွင် ပြုလုပ်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်ရန် ဒေသခံများ ထပ်မံတောင်းဆို

ဧရာဝတီ မြစ်ညှာမြစ်ဝှမ်းတွင် ပြုလုပ်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်ရန် ဒေသခံများ ထပ်မံတောင်းဆို
ဓာတ်ပုံ- နန်ပူ ဖေ့ဘုတ် 

ချင်းမိုင်(မဇ္စျိမ)၊ မတ်လ ၁၄ ။          ။ ကချင်ပြည်နယ် ဧရာဝတီ မြစ်ညှာ၊ မြစ်ဝှမ်းရှိ ရေအားလျှပ်စစ်များ အားလုံး ရပ်တန့်ပေးရန်အတွက် ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ   မြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို မြစ်ဆုံတွင် ကျင်းပ၍ တောင်းဆိုလိုက်သည်။

မတ်လ ၁၄ ရက်နေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့တွင် ဧရာဝတီမြစ်တည်ရာ မေခနှင့် မလိခ ဆုံစည်းရာတွင် နေထိုင်နေကြသော ဒေသခံ ပြည်သူများနှင့် ကချင်လူမှုအခြေပြု အဖွဲ့အစည်းများ စုပေါင်း၍ ကျင်းပခဲ့ခြင်း ဖြစ်ည်။

“ကျွန်တော်တို့ရပ်ဆိုင်းစေချင်တာက ပြည်သူလူထုအတွက် အကျိုးမရှိ၊ အိမ်နှီးချင်းနိုင်ငံအတွက် လုပ်တဲ့ ရေအားလျှပ်စစ် စီမံကိန်းက ကျနော်တို့ဆီမှာ အရင်ဖြေရှင်းသင့်တဲ့ဟာ မဖြေရှင်းဘဲနဲ့ အခုလို ပြည်သူလူထုနစ်နာမဲ့ စီမံကိန်းက ကျနော်တို့ ရပ်တန့်စေချင်တယ်။ မြစ်ဆုံတာမက အထက်ပိုင်းမှာရှိတယ်။ စီမံကိန်းတွေ အားလံး ရပ်ဆိုင်းစေချင်တယ်”ဟု KDNG မှ ဦးဆာဂျီးက ပြောသည်။

“နိုင်ငံရေး ပြဿနာကို အရင်ဖြေရှင်းပြီးမှ တကယ့် ပြည်သူလူထု ဆုံးဖြတ်တဲ့ စီမံကိန်းကို အကောင်အထည်ဖော်သင့်တယ် ဆိုတာကို ပြောချင်တယ်။ ကျွန်တော်တို့လူထုအတွက် ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ဟာတွေ လုပ်နေစချင်တယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

အခမ်းအနားကို ပထမဦးဆုံး ဆုတောင်းခြင်း၊မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရေး ကြွေးကြော်သံများဖြင့် ကြွေးကြော်ခြင်း၊ မြစ်ဆုံစီမံကိန်းကြောင့် ကြံုတွေ့ခဲ့ရသော အခက်အခဲများကို တင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ဧရာဝတီ မြစ်ကြီး လွတ်လပ်စွာ စီးဆင်းသွားစေရန် No Dam ဗီနိုင်းနှင့် ပူးပေါင်းများ ချိိတ်ဆွဲခြင်းများ ပြုလုပ်ကာ ဝါးဖောင်ကြီးမျောခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG)၏ သုတေသနပြုချက်အရ ဧရာဝတီမြစ်ညှာ၊ မြစ်ဝှမ်းတွင် ပြုလုပ်မည့် ရေအားလျှပ်စစ် စီမံကိန်း အားလုံး အကောင်အထည်ဖော်လျှင် ကျေးရွာပေါင်း ၂၀၀ ကျောင်နှင့် လူဦးရေ ၁ သိန်း ခန့် ထိခို်ကနစ်နာစေညပီး ဇီဝမျုုိးကွဲများနှင့် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်ပျောက်ကွယ်ဆုံးရှုံးနစ်နာမည်ဖြစ်ကြောင်း ဖော်ပြထားသည် ။

 ဧရာဝတီ မြစ်ညှာ၊ မြစ်ဝှမ်းဒေသနှင့် အခြားမြို့နယ် ကျေးရွာများတွင် ရေကာတာ ၁၅ ခု ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည် ဖြစ်ပြီး လျှပ်စစ်မီဂါဝပ် ၂၀၉ ၂၀ ရရှိမည် ဖြစ်ပြီး ၂၀၃၁ ခုနှစ်တွင် ရေကာတာ အားလုံး အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားကို ထွယ်ဂျန်တာနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)နှင့် ကချင်လူမှုဖွ့ံဖြိုးရေးအဖွဲ့ (MRJ)တို့က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ချီဖွေမြို့နယ် ထွန်းရှိန်ကျေးရွာရှိ ချန်းမူးခူးဒေသတွင်လည်း ယနေ့ ကျရောက်သော မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနား ပြုလုပ်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly