လက်​စတာအသင်​း ချန်​ပီယံလိဂ်​ဖလား ဆွတ်​ခူးနိုင်​စွမ်းရှိတယ်လို့ နည်းပြ ရှိတ်စပီးယား ပြော

လက်​စတာအသင်​း ချန်​ပီယံလိဂ်​ဖလား ဆွတ်​ခူးနိုင်​စွမ်းရှိတယ်လို့ နည်းပြ ရှိတ်စပီးယား ပြော
(ဓာတ်ပုံ - အီးပီအေ)

လက်စတာစီးတီးနည်းပြ ခရိတ်ရှိတ်စပီးယားက ၎င်းရဲ့အသင်းဟာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်​နိုင်​တယ်​လို့ တနင်္လာနေ့က ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂါနေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) အသင်း ဒုတိယအကျော့ ဆီဗီလာနဲ့ပွဲမှာ ရှိတ်​စပီးယားက ၎င်းရဲ့ အသင်းအပေါ် အပြည့်အဝယုံကြည်လျက်ရှိပါတယ်။ ဒါ့အပြင် လက်စတာအသင်းဟာ ချန်ပီယံလိဂ်ဖလားလည်း ဆွတ်ခူးရရှိနိုင်တယ်လို သူက ဆိုပါတယ်။

"ဒီပွဲမှာ ကျနော်တို့အတွက် ​ကြီးမားတဲ့အခွင်​့အ​ရေးဖြစ်​ပြီး ကျနော်တို့ အနိုင်​ရ​အောင်​ အကောင်းဆုံး ပေးဆပ်သွားမှာပါ။ ကျနော်တို့ဟာ မိနစ် ၉၀ ဒါမှမဟုတ် အချိန်ပိုအထိ ယှဉ်ပြိုင်ကစားသွားဖို့ ရှိပါတယ်။ ကျနော်တို့က ပင်နယ်တီကိုလည်း လေ့ကျင့်ထားပါတယ်။"လို့ ရှိတ်စပီးယားက ပွဲကြိုသတင်းစာရှင်းလင်းပွမှာ ပြောပါတယ်။

လက်စတာအသင်းက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မလားလို့ မေးရာမှာတော့ ရှိတ်စပီးယားက "ဘာလို့မဖြစ်​နိုင်​ရမှာလဲ။ ကျနော်တို့က ဒီပြိုင်ပွဲထဲမှာ ရှိနေတယ်။ ကျနော်တို့ ပွဲတိုင်းကို ကြိုးစား ယှဉ်ပြိုင်သွားမှာပါ"လို့ ပြောပါတယ်။

လက်စတာဟာ ပထမအကျော့ အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဂျေမီဗာဒီရဲ့ အဝေးကွင်းတစ်လုံးက နောက်တစ်ဆင့်တက်နိုင်ဖို့ အခွင့်အရေးဖြစ်တယ်လို့ ရှိတ်စပီးယားက ယူဆထားပါတယ်။

"ကျနော်တို့ သိထားတဲ့အတိုင်​း အ​ဝေးဂိုးရရှိနေတာဟာ အခွင်​့အ​ရေးအများကြီးရှိ​နေပါတယ်။ ဒါဟာ ဒီပွဲကို အလွန်​စိတ်​ဝင်​စားစရာ​ ကောင်​းသွား​စေပါတယ်​။ ဒီပွဲဟာ တကယ်​့ကို ထူးခြား​ကောင်​းမွန်​တဲ့ပွဲဖြစ်​လာမှာဖြစ်​ပြီး ပရိတ်​သတ်​​တွေရဲ့ အားပေးမှု အပြည်​့ကို မြင်​​တွေ့ရပါလိမ့်မယ်။"လို့ လက်စတာနည်းပြက ပြောပါတယ်။

လက်စတာအသင်းက ရာနီရေရီကို အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ယာယီနည်းပြ ခရိတ်ရှိတ်စပီးယားကို ရာသီအကုန်အထိ အသင်းကို ကိုင်တွယ်ရန် တာဝန်ပေးအပ်လိုက်တယ်လို့ လက်စတာက တနင်္ဂနွေနေ့က အတည်ပြုခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly