အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် အာဆင်နယ်နှင့် မန်စီးတီး၊ ချယ်လ်ဆီးနှင့် စပါးတို့ တွေ့ဆုံ

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် အာဆင်နယ်နှင့် မန်စီးတီး၊ ချယ်လ်ဆီးနှင့် စပါးတို့ တွေ့ဆုံ

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်အတွက် မဲခွဲမှုပြုလုပ်ရာ အာဆင်နယ်နှင့် မန်စီးတီး၊ လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနှင့် စပါးတို့ တွေ့ဆုံခဲ့ကြပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ် နှစ်ပွဲလုံးကို ဝင်ဘာလေကွင်းမှာ ဧပြီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

တနင်္လာနေ့က ချယ်လ်ဆီးအသင်းဟာ ကွာတားဖိုင်နယ်မှာ ကွန်တေရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ မန်ယူကို အနိုင်ရရှိခဲ့ပါတယ်။ တနင်္ဂနွေမှာတော့ စပါးက လိဂ် (၁)အသင်း မေးဝဲလ်ကို ၆-၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့မှာ ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းက စနေနေ့က လင်ကွန်းစီးတီးကို အိမ်ကွင်းမှာ ၅-၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

မန်စီးတီးဟာ မစ်ယ်ဘရော့ကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၄ ရာသီအတွင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲကို မေလ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗိုလ်စွဲတဲ့အသင်းမှာ ဆုငွေပေါင် ၁.၈ သန်း၊ ဒုတိယရတဲ့ အသင်းမှာ ပေါင် ၉ သိန်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags