Forbes Asia မဂ္ဂဇင်း Top 30 စာရင်းဝင် မြန်မာနိုင်ငံသား ကမ္ဘာ့အကောင်းဆုံး လက်ဘက်ရည်ဆိုင်ပိုင်ရှင် ကိုထက်မြတ်ဦးနှင့်တွေ့ဆုံခြင်း အပိုင်း (၂)

Forbes Asia မဂ္ဂဇင်း Top 30 စာရင်းဝင် မြန်မာနိုင်ငံသား ကမ္ဘာ့အကောင်းဆုံး လက်ဘက်ရည်ဆိုင်ပိုင်ရှင် ကိုထက်မြတ်ဦးနှင့်တွေ့ဆုံခြင်း အပိုင်း (၂)

Safety ဆိုတာက ဒီဝန်ထမ်းတစ်ယောက်က မှားသွားရင်တောင်မှ သူက Safe ဖြစ်ရမယ်။ Confidence ကို Grow လုပ်ရမှာပေါ့။ Safe ဖြစ်တယ်ဆိုတာလည်း သူ့ကို အလုပ်လည်းမထုတ်ဘူး။ ကိုယ်က အားရှိအောင် ဟုတ်ပြီ ညီလေး။ ညီလေး ဒီတစ်ခေါက်မှားသွားတယ်။ ဒါပေမယ့် နောက်တစ်ခေါက် ဒီလိုဒီလို လုပ်လိုက်ပါ။ ဒီမှာက တော်ရုံတန်ရုံ အဲဒီလိုမလုပ်ဘူး။ ဒီမှာက မင်းဘာလို့အဲဒီလိုလုပ်တာလဲ ဆိုပြီး ဆဲဆိုမယ်၊ ဆိုးဆိုးဝါးဝါးဆို အပြစ်ကစတင်မယ်။ လက်ညှိုးထိုးပြီး အပြစ်စပြောတာ။ ကျွန်တော်ပြောချင်တာ ဘာလဲဆိုတော့ အဲဒါအကုန်လုံးပေါင်းလိုက်ရင် ဒီကလူငယ်တွေက အလုပ်တစ်ခုသွားလုပ်ပြီဆိုရင် လစာတစ်ခုတည်းမကြည့်နဲ့ ကိုယ်လုပ်တဲ့အလုပ်ကိုလည်း မကြည့်နဲ့ ကိုယ့်ကို အင်တာဗျူးလုပ်တဲ့သူနဲ့ အဲဒီလုပ်ငန်းရဲ့ပိုင်ရှင်ကဘယ်သူလဲ အဲဒီသူက ကိုယ့်ကိုဆရာတစ်ယောက်အနေနဲ့ ကိုယ့်ကို ပညာအများကြီးသင်ပေးနိုင်သလား? စီးပွားရေးတစ်ခုတည်းမဟုတ်ဘူး ယောကျ်ားလေးတစ်ယောက် အနေနဲ့ဆိုရင် လူကြီးတစ်ယောက်ဖြစ်ဖို့ ဘာသင်ပေးလို့ရလဲ?

မေး -  အစ်ကိုဆိုရင်လည်း အောင်မြင်တဲ့ လူငယ်တစ်ယောက်ဖြစ်နေပြီ။ အဲဒီတော့ လူငယ်တစ်ယောက်အနေနဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်တဲ့အခါမှာ ၀ါသနာပါတဲ့အပိုင်းရှိတယ်၊ လုပ်ချင်တဲ့အပိုင်းရှိတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘယ်အရာကို ရွေးသင့်သလဲသိချင်ပါတယ်။

ဖြေ - လုပ်သင့်တာနဲ့လုပ်ချင်တာ ဘယ်ဟာကိုရွေးသင့်သလဲဆိုရင် နှစ်ခုလုံးပေါင်းပြီး ရွေးသင့်တယ်။ ဘာမှအလုပ်မဖြစ်နိုင်တဲ့ဟာကို သွားဝါသနာပါတယ်ဆိုရင် ဘာပဲလုပ်လုပ်စိတ်ဆင်းရဲဖို့ပဲရှိမယ်။ ပြီးရင် ကျွန်တော်တစ်ခုပြောချင်တာက အလုပ်တစ်ခုကို ဘယ်လောက်ပဲစိတ်ဝင်စားစား ကြာရင် ရိုးသွားတာပဲ။ ကျွန်တော်ဆိုရင် နေ့နဲ့ည ခရီးထွက်ရင်တောင် နေ့နဲ့ည ဒီဆိုင်လောကမှာပဲ ကျွန်တော့်ဦးနှောက်က ပတ်ချာလည်နေတယ်။ အိပ်မက်မက်ရင်လည်း စားသောက်ဆိုင်အကြောင်းပဲ အိပ်မက်မက်တယ်။ အဲဒီတော့ အဲဒီ စိတ်ကမနည်းဘူး။ ကျွန်တော်ဆို အမေနဲ့အဖေကို တစ်နှစ်တစ်ခေါက်ပဲ တွေ့ရတယ်။ စကားပြောရင်လည်း တစ်ခါတစ်လေ သုံးလေးပတ်မှ တစ်ခေါက်လောက်ပဲ စကားပြောရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်စိတ်က ဒီအလုပ်မှာပဲ အမြဲစိတ်ရောက်နေတယ်။ အစတည်းက စားသောက်ဆိုင် မင်းဖွင့်ရမယ်၊ နေ့နဲ့ညလုပ်မလားဆို ကျွန်တော်လုပ်မယ်။ ဒါပေမယ့် ကားအရောင်းအဝယ် နေ့နဲ့ည လုပ်မလားဆို မလုပ်ဘူး။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့လေ။ ဒါပေမယ့် ကားစိတ်ဝင်စားတဲ့ သူကျတော့လည်း ဒီလုပ်ငန်းကို ဘယ်လုပ်ချင်မလဲ အဲဒီလုပ်ငန်းပဲလုပ်မှာပေါ့။ အဲဒီတော့ ကိုယ်ဘာကို စိတ်ဝင်စားလဲဆိုတာ အရေးကြီးတယ်။

မေး - အစ်ကို့အနေနဲ့ စိတ်ဓါတ်ကျစရာတွေ ကြံုခဲ့တယ်၊ အတိုက်အခိုက်တွေ ကြံုခဲ့တယ်။ အဲဒီလိုအချိန်မှာ နာလံထူဖို့ဘာတွေလုပ်လဲ။

ဖြေ - အလုပ်ပဲပိုလုပ်တယ်။ ကျွန်တော် မနေ့က ၁၅ နာရီလုပ်တယ်။ အဆင်မပြေဘူးဆိုရင် ဒီနေ့ ၁၆ နာရီလုပ်တယ်။ ဒီနေ့အဆင်မပြေဘူးဆိုရင် ၁၇ နာရီလုပ်တယ်။ စီးပွားရှာတယ်ဆိုတာ idea တစ်ခုနဲ့လည်း မလုံလောက်ဘူး။ ပြဿနာတွေ အမြဲတမ်း ဖြေရှင်းနေရတယ်။ အမြဲတမ်း နေ့တိုင်း Concentrate လုပ်နေရတယ်။ နည်းနည်းလေး ပေါ့လိုက်တာနဲ့ကို ပြဿနာတက်ပြီ။

မေး - အခုဆို အစ်ကို့အနေနဲ့ အောင်မြင်တဲ့ လူငယ်တစ်ယောက်ဖြစ်နေပြီ။ ဒီမအောင်မြင်ခင်မှာ လမ်းကြောင်းတစ်ခုပေါ်ကို လျောက်တဲ့အချိန်မှာ လူငယ်တစ်ယောက် ရသင့်တဲ့ အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေ ဆုံးရှုံးလိုက်ရတာမျိုးရောရှိလား။

ဖြေ - မကြံုပါဘူး။ မကြံုပါဘူးဆိုတာက ကျွန်တော်က ဒီအလုပ်ကို လုပ်ချင်လို့လုပ်တာကိုး။ အဲဒါလည်း အရမ်းအရေးကြီးတယ်။ မြန်မာပြည်မှာကလေ လူငယ်တွေအပေါ်မှာ တာဝန်ကလည်း မပေးချင်ဘူး။ အပြစ်ကလည်း ပြောချင်တယ်။ ဒီဖုန်းပဲ သုံးနေတာကွာ ဒီ Facebook ပဲသုံးနေတာ။ ဒါပဲသုံးနေတာ။ ဒါပဲလုပ်နေတာ စာလဲမကျက်ဘူး။ ဒါပေမယ့် အဲဒီလိုချည်းပဲလည်း မဟုတ်ဘူး။ စိတ်ဝင်စားမှု တစ်ခုကတော့ အမြဲရှိရမယ်။ ကျွန်တော်ကတော့ ကံကောင်းတယ် ပြောရမယ်။ ဘာလို့လဲဆိုတော့ ငယ်ငယ်တည်းက စားသောက်ဆိုင်ကို ဖွင့်လဲဖွင့်ချင်ခဲ့တယ်။ ပြီးရင်ကျွန်တော်က အစားအသောက်ကို အရမ်းဝါသနာပါတော့ နေ့တိုင်း အစားအသောက်ကြားထဲမှာ လုပ်နေရတာဆိုတော့ ပျော်တာပေါ့။ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ ဖျက်လိုက်ရတယ်။ အလုပ်လုပ်နေရလို့ စိတ်ဆင်းရဲတယ်ဆိုတာ မရှိဘူး။

မေး -  လူငယ်တစ်ယောက် အောင်မြင်ဖို့ ဘယ်အရာက အရေးကြီးဆုံးဖြစ်မလဲခင်ဗျ။

ဖြေ - ကျွန်တော်ခုနက ပြောသလိုပဲ။ အရေးအကြီးဆုံးက စိတ်ဝင်စားမယ့်ဟာ တစ်ခုကိုလုပ်ဖို့။ ပြီးတော့ စိတ်ဝင်စားတယ်ဆိုတာကလည်း ကျွန်တော့်စိတ်မှာ နှစ်ပိုင်းရှိတယ်။ အပျော်ပိုင်းရှိတယ်၊ ဂိမ်းဆော့မယ် ဖုန်းသုံးမယ်။ ဒါပေမယ့် ဖုန်းသုံးတဲ့အတိုင်းလည်း ပျော်ပေမယ့် ဖုန်းဆိုင်သွားမဖွင့်နဲ့။ ကိုယ့်စိတ်ထဲမှာလည်းကိုယ်က အမြဲတမ်းပြန်ပြန်စဉ်းစားနေပေါ့။ နေ့နဲ့ည ဒီအလုပ်ကိုလုပ်ရမယ်။ အဆိုးဆုံးရက်တွေမှာ ၂၄ နာရီလုပ်ရမယ်။ အိပ်တောင်မအိပ်ရဘူး။ ပြီးရင် အမြဲတမ်းလည်း ပိုက်ဆံရတာလည်းမဟုတ်ဘူး။ အရှံုးတွေကအများကြီး ပေါ်နေတယ်။ အဲဒီအချိန်မှာ ဘယ်အလုပ်အကိုင်ကို Scribed လုပ်ရင် ကောင်းမလဲဆိုတာ ပြန်စဉ်းစားလိုက်ရမယ်။ အဲဒါအရမ်းအရေးကြီးတယ်။ နောက်တစ်ခုက ဘာအရေးကြီးလဲဆိုတော့ သူများပြောတဲ့အတိုင်း မယုံဖို့၊ ပြီးရင် မိဘတွေ ဆရာ ဆရာမတွေကလည်း အမြဲတမ်း ကိုယ့်အိုင်ဒီယာကို အားပေးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုနားလည်တာ ကိုယ်တစ်ယောက်တည်းပဲ ရှိတယ်။ ရင်ထဲမှာ တကယ်ကို ဘာလုပ်ချင်လဲ ဘာစိတ်ဝင်စားလဲ သူများကိုမပြောဘူးတာတွေလည်း ရှိမှာပေါ့။ အဲဒီတော့ ကျွန်တော်ထင်တာကတော့ ကိုယ့်ကိုယ်ကို Confident ရှိဖို့။ တစ်ခါတစ်လေကျရင် အားငယ်တယ်။ မိဘတွေကို ဒီလုပ်ငန်းစချင်တာသွားပြောမယ်။ လက်မခံရင် ဘယ်လိုလုပ်မလဲ။ အသက်ရှူမယ် သွားပြောမယ်၊ သူတို့လက်မခံဘူးဆိုရင်လည်း သွားလုပ်တော့မှာ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံး ကိုယ့်ဘဝကိုယ်အုပ်ချုပ်တာ ကိုယ်တစ်ယောက်တည်းပဲရှိတယ်။ မိဘတွေက အမြဲတမ်းလာကယ်နေလို့လည်း မရဘူး။ ပြီးရင်နောက်ဆုံးဘာပဲဖြစ်ဖြစ် ကိုယ်က အလုပ်တစ်ခုလုပ်ပြီး စိတ်ဆင်းရဲပြီးတော့ အိမ်ပြန်သွားရင်လည်း အမေနဲ့အဖေက ကိုယ့်ကိုသနားမှာပေါ့။ အဲဒီတော့ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့က အရမ်းအရေးကြီးတယ်။

မေး - လူငယ်တစ်ယောက်ရဲ့ တာဝန်ယူမှု တာဝန်သိတတ်မှုကရော အောင်မြင်မှုအတွက် ဘယ်လောက်ထိအရေးပါလဲ။

ဖြေ - အောင်မြင်မှုအပေါ်မှာ တစ်ပိုင်းကတော့ အရေးပါတာပေါ့။ ပိုပြီးအောင်မြင်လာလေ ပိုပြီး Confident ပိုရှိလေပဲ။ Confident ပိုရှိရင် တာဝန်ပိုယူချင်လိမ့်မယ်။ ဒါပေမယ့် တာဝန်က ဘယ်အချိန်မှာ ခက်သွားလဲဆိုတော့ ဒီက Education စနစ်နဲ့ ဒီက Family System တွေက တာဝန်ယူတာကို သိပ်အားမပေးဘူး။ ဒါပေမယ့် အဲဒီအချိ်န်မှာ ကျွန်တော်ထင်တာ ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ကိုယ်ကို ကိုယ့်စိတ်ထဲကို ပြန်စဉ်းစားပြီးတော့ ဟုတ်ပြီ တာဝန် ငါယူတော့မယ်ကွာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘဝမှာ ကိုယ့်ကိုယ်ကို တာဝန်ယူရမှာပဲလေ။ အဲဒီတော့ အလုပ်မှာကအစ မိုးလင်းကနေ ညအိပ်တဲ့အထိကို တစ်နေကုန်တာဝန်ယူရမှာ။ ဥပမာ ကျွန်တော့်အလုပ်မှာ တစ်ချို့ကလေးတွေဆိုရင် တာဝန်မယူချင်တာမဟုတ်ဘူး။ တာဝန်မယူတတ်တာ။ သူတို့စိတ်ထဲမှာ အထူးသဖြင့် တစ်ခြားအလုပ်ကလာတဲ့ ကလေးတွေဆိုရင် သူတို့က တစ်ခုခုလုပ်တတ်တယ်။ ဒါပေမယ့် မပြောရဲဘူး လုပ်တတ်တယ်ဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ပြောပြီးတော့ သူတို့ကို လုပ်ခိုင်းလိုက်လို့ရှိရင် မှားသွားမှာ အရမ်းကြောက်နေတာ။ ကိုထက်ကဘာလုပ်မလဲ? ကိုထက်ကအလုပ်ထုတ်လိုက်မလား? သူတို့ကို အော်ကြီးဟစ်ကျယ်လုပ်လိုက်မလား? သူတို့ကိုဆဲလိုက်မလား? အဲဒီတော့ တစ်ခုကဘာလဲဆိုတော့ လူငယ်တွေကတစ်ပိုင်း၊ ဒါပေမယ့် လူကြီးတွေကရော အဲဒီလို Confident ပေးဖို့ဆိုတာ အရမ်းအရေးကြီးတယ်။ Safety ရှိဖို့ပေါ့။ Safety ဆိုတာက ဒီဝန်ထမ်းတစ်ယောက်က မှားသွားရင်တောင်မှ သူက Safe ဖြစ်ရမယ်။ Confident ကို Grow လုပ်ရမှာပေါ့။ Safe ဖြစ်တယ်ဆိုတာလည်း သူ့ကိုအလုပ်လည်းမထုတ်ဘူး။ ကိုယ်ကအားရှိအောင် ဟုတ်ပြီ ညီလေး။ ညီလေး ဒီတစ်ခေါက်မှားသွားတယ်။ ဒါပေမယ့် နောက်တစ်ခေါက် ဒီလိုဒီလို လုပ်လိုက်ပါ။ ဒီမှာက တော်ရုံတန်ရုံ အဲဒီလိုမလုပ်ဘူး။ ဒီမှာက မင်းဘာလို့အဲဒီလိုလုပ်တာလဲ ဆိုပြီး ဆဲဆိုမယ်၊ ဆိုးဆိုးဝါးဝါးဆို အပြစ်ကစတင်မယ်။ လက်ညှိုးထိုးပြီး အပြစ်စပြောတာ။ ကျွန်တော်ပြောချင်တာ ဘာလဲဆိုတော့ အဲဒါအကုန်လုံးပေါင်းလိုက်ရင် ဒီကလူငယ်တွေက အလုပ်တစ်ခုသွားလုပ်ပြီဆိုရင် လစာတစ်ခုတည်းမကြည့်နဲ့ ကိုယ်လုပ်တဲ့အလုပ်ကိုလည်း မကြည့်နဲ့ ကိုယ့်ကို အင်တာဗျူးလုပ်တဲ့သူနဲ့ အဲဒီလုပ်ငန်းရဲ့ပိုင်ရှင်ကဘယ်သူလဲ အဲဒီသူက ကိုယ့်ကိုဆရာတစ်ယောက်အနေနဲ့ ကိုယ့်ကို ပညာအများကြီးသင်ပေးနိုင်သလား? စီးပွားရေးတစ်ခုတည်းမဟုတ်ဘူး ယောကျ်ားလေးတစ်ယောက် အနေနဲ့ဆိုရင် လူကြီးတစ်ယောက်ဖြစ်ဖို့ ဘာသင်ပေးလို့ရလဲ? ကျွန်တော်ဆိုရင် ကျွန်တော့်အလုပ်မှာ လာလုပ်တဲ့ကလေးတွေကို ပြောပြတယ်။ မင်းဒီဟာကို တာဝန်ယူကိုယူရမယ်၊ မင်းလက်ထဲကို ငါဒါကိုအပ်ထားပြီနော်၊ မင်းပြီးတဲ့အထိကို ငါလှည့်ကိုမကြည့်တော့ဘူး တစ်ခုတော့ငါပြောမယ်။ မင်းလုပ်ချင်တဲ့အချိ်န်လုပ် နှစ်ရက်နေရင် ဒါကိုပြီးအောင်လုပ်ပေးရမယ်။ တာဝန်ယူမှုဆိုတာ အဲဒါပဲ။ တာဝန်ယူမှုဆိုတာ သူများခိုင်းတာလုပ်တာမဟုတ်ဘူး။ တာဝန်ယူမှုဆိုတာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ငါသွားလုပ်မယ်ဆိုပြီးတော့ လုပ်တာ အဲဒါပေါ့။ အဲဒါလည်းအရမ်းအရေးကြီးတယ်။

မေး - မြန်မာနိုင်ငံကလူငယ်တွေအပေါ် မိဘတွေရဲ့အုပ်ထိန်းမှုအပေါ် အစ်ကို့ရဲ့အမြင်ကို ပြောပြပေးပါဦးဗျ။

ဖြေ - တစ်ခုကဘာရှိလဲဆိုတော့ Culture ကဘယ်တူတော့မလဲ။ မြန်မာပြည်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က မပြောနဲ့ လွန်ခဲ့တဲ့နှစ်နှစ်နဲ့ ခုနဲ့တောင် မတူတော့ဘူး။ မိဘတွေက မိဘတစ်ယောက်ရဲ့ အရွယ်ဆိုတာလည်း အသက် ၃၀၊ ၄၀၊ ၅၀၊ ၆၀ အဲဒီအချိန်မှာ ပြောင်းလဲဖို့ဆိုတာလည်း လွယ်မှမလွယ်တာ။ ဒါပေမယ့် ဘာကလွယ်လဲဆိုတော့ ဒီ Negative မဖြစ်ဘဲနဲ့ မကောင်းတာဘဲ မပြောဘဲနဲ့ Positive ဖြစ်ဖို့။ တစ်ခုခုမှားသွားရင် မှားတာကြီးကိုပဲ ခဏခဏမပြောဘဲနဲ့ ကောင်းတာလည်း တစ်ခုခုပြောလိုက်လို့ ရှိရင်လည်း ဒီကလေးတစ်ယောက်ရဲ့ ဘဝပြောင်းလဲသွားတယ်။ ကျွန်တော်ဆိုရင် မိဘမဟုတ်ဘူး။ ကျွန်တော့်ထက်ငယ်တဲ့ ကလေးတွေအများကြီးရှိတယ်။ အသက် ၁၈ နှစ်ကနေ ၂၁ လောက်အထိ အနည်းဆုံး ဝန်ထမ်းသုံးဆယ်လောက် ရှိတယ်။ သူတို့ကို Confident ပေးဖို့ဆိုတာ အရမ်းခက်တယ်။ ဒါပေမယ့်သူတို့ကို Confident တစ်ခုရသွားပြီဆိုရင် နောက်ဘာပဲခိုင်းခိုင်း သူတို့လုပ်ချင်တဲ့စိတ်က အရမ်းဖြစ်သွားပြီ။ နေ့နဲ့ည ၂၄နာရီ အလုပ်ခိုင်းလိုက်။ သူတို့ပျော်ပျော်ရွှင်ရွှင် အလုပ်လည်းလာတယ်၊ အလုပ်လည်းလုပ်တယ်။ အဲ့ဒီတော့အဲဒါအရေးကြီးတယ်။ ပြီးရင် ဘယ်လိုပြောရမလဲဆိုတော့ အခုနကပြောသလိုပါပဲ ဒီ Negative တစ်ခုပဲ မဖြစ်ဖို့ပေါ့။ အားရှိသွားအောင် Positivity ဆိုတာလည်းအရမ်းအရေးကြီးတယ်။

မေး - ဟုတ်ကဲ့ပါအစ်ကို။ ဒီအစီအစဉ်ရဲ့နောက်ဆုံးမေးခွန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက အောင်မြင်ချင်ကြတဲ့ လူငယ်တွေအတွက် အစ်ကို့အနေနဲ့ အကြံဉာဏ်ပေးချင်တာမျိုးရော ရှိ်ပါသေးလားခင်ဗျ။

ဖြေ - ခုနကပြောသလို တစ်က သတ္တိရှိဖို့။ ပြီးရင် ညကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာ အမြဲတမ်း အသက်ကြီးကြီး အသက်ငယ်ငယ် ကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတော့ သူတို့ idea တွေလည်းလက်ခံ ကိုယ့် Idea တွေလည်း Share လုပ် ပြီးရင်မကြောက်ဖို့ အရမ်းအရေးကြီးတယ်။ အဓိကကအဲဒါတွေပါပဲ။

ဟုတ်ကဲ့ပါအစ်ကို။ အခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးလို့ ကျွန်တော်တို့ Mizzima TV အဖွဲ့သားတွေက အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ပါ။ အခုလို အသက်ငယ်ငယ်အရွယ်မှာပဲ အောင်မြင်မှုတွေရထားတဲ့ ကိုထက်မြတ်ဦးရဲ့ ဘဝအတွေ့အကြံုတွေ၊ ဘဝဖြတ်သန်းခဲ့ပုံတွေနဲ့ အောင်မြင်အောင် ဘယ်လိုမျိုးလုပ်ဆောင်ရမယ် ဆိုတဲ့အချက်တွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကြည့်ရှု့ပြီးတော့ လူငယ်တွေအနေနဲ့ ကောင်းတဲ့အကြံအစည် ကောင်းတဲ့အကြောင်းအရာ တစ်ခုခုကို ရရှိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ Mizzima TV ကိုကြည့်ရှု့နေကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းဆီကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျာ။

အင်တာဗျုးအပိုင်း(၂)အား အောက်ပါတွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/24517

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly