Miss Earth Myanmar အလှမယ်နှစ်ဦး ကောလင်းမြို့ရေဘေး ဒုက္ခသည် များထံ သွားရောက် လှူဒါန်းမည်

Miss Earth Myanmar အလှမယ်နှစ်ဦး ကောလင်းမြို့ရေဘေး ဒုက္ခသည် များထံ သွားရောက် လှူဒါန်းမည်

Miss Earth Myanmar 2014 အိမွန်ခိုင် နှင့် Miss Earth Myanmar 2015 ရရှိ ထားသည့် အိမ့်မျက်ခြယ် တို့  သည် Miss Golden Land Myanmar Organization အဖွဲ့နှင့် အတူကောလင်းမြို့ ရှိ ရေဘေး ဒုက္ခသည် များ အတွက် သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း Miss Earth Myanmar 2014 အိမွန်ခိုင် က မဇ္ဈိမကိုပြောသည်။

ကောလင်းမြို့ရှိ ရေဘေး ဒုက္ခသည် များ အတွက် သောက်သုံးရေ ၊ ဆေးဝါး ၊ အဝတ်အထည်နှင့် စားစရာများ သွားရောက် လှူဒါန်းမည် ဖြစ်ပြီး Miss Golden Land Myanmar Organization အဖွဲ့နှင့် သွားရောက် လှူဒါန်း မည် ဖြစ်သည်။

အိမွန်ခိုင် က  "Miss Golden Land Myanmar Organization ဘက်ကနေ ဆက်သွယ်တဲ့ အတွက် သွားရောက် လှူဒါန်းဖို့ စီစဉ် ဖြစ်သွားတာပါ။ ညီမနဲ့ အတူ Miss Earth Myanmar 2015 အိမ့်မျက်ခြယ်လဲ ပါဝင်မှာပါ။ အခု လော လောဆယ်တော့ ကောလင်းမှာ လှူဖို့ပဲ သိထား ပါသေး တယ်။ ဟိုရောက်မှ နောက်ထပ် နေရာတွေ သွားလှူ ဖြစ် မလားတော့ မသိသေးပါဘူး" ဟု ပြောသည်။

Miss Golden Land Myanmar Organization အဖွဲ့ နှင့်အတူ အလှမယ်  နှစ်ဦးသည် သြဂုတ်လ ပထမ အပတ် တွင် ကောလင်း သို့ သွားရောက်ကာ သောက်သုံးရေ ၊ ဆေးဝါး ၊ အဝတ်အထည်နှင့် စားစရာများ လှူဒါန်းမည် ဖြစ်ပြီး လက်ရှိတွင်လည်း ကောလင်းမြို့ရှိ ရေဘေး ဒုက္ခသည် များ အတွက် အလှူခံလျက် ရှိသည်။

Miss Earth Myanmar 2014 အိမွန်ခိုင်သည် ၂၀၁၄ ခုနှစ် ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပ ပြုလုပ်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် သက်ဆိုင်သည့် Miss Earth 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့သူ ဖြစ်သည်။

Miss Earth Myanmar 2015 ရရှိ ထားသည့် အိမ်မျက်ခြယ် သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ရက်တွင် သြစတြေးလျ နိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် Miss Earth 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့်သူ တစ်ဦး ဖြစ်သည်။

ကောလင်းမြို့ရှိ ရေဘေး ဒုက္ခသည် များ အတွက် လှူဒါန်းချင်သည့် အလှူရှင်များ အနေဖြင့် Miss Golden Land Myanmar Organization အဖွဲ့ သို့ ဆက်သွယ် လှူဒါန်းနိုင်ပြီး [email protected] သို့လည်း အီးမေးလ်ဖြင့် ဆက်သွယ် လှူဒါန်း နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly