UNFC ခေါင်းဆောင် အပြောင်းအလဲအတွက် အကြိုညှိနှိုင်း

UNFC ခေါင်းဆောင် အပြောင်းအလဲအတွက် အကြိုညှိနှိုင်း

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဗဟို အလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးကို ထိုင်နိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၁၃ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ကျင်းပနေသည်။

ခေါင်းဆောင်ပိုင်းနေရာများကို ပြန်လည် ရွေးချယ်ရန်အတွက် မတ်လ ၂၀ ရက်ကျော်တွင် ကျင်းပမည့် UNFC ၏ ညီလာခံ ကျင်းပရေးအတွက် ကြိုဆင်ပြင်ဆင်သော အစည်းအဝေး ဖြစ်ကြောင်း သိရသည်။ ထိုအစည်းအဝေးကို မတ်လ ၁၂ ရက်မှစတင်၍ ကျင်းပကာ မတ်လ ၁၄ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ UNFC ၏ ဥက္ကဌမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌသည် မွန်ပြည်သစ်ပါတီ (NMSP) မှ နိုင်ဟံသာ ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ခူဦးရယ်တို့ တာဝန်ယူထားခြင် ဖြစ်သည်။

 မူလက ၂၀၁၆ ခုနှစ် သြဂုတ်လတွင် UNFC ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပရန် ရှိသော်လည်း ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပခဲ့သဖြင့် ရပ်ဆိုင်းခဲ့ပြီးနောက် ဒီဇင်ဘာလထိ   ရွှေ့ဆိုင်းခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသဖြင့် ထပ်မံ ရွှေ့ဆိုင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags