Avatar 2 အား လာမည့် ၂၀၁၈တွင် ပြသနိုင်ဦးမည်မဟုတ်ကြောင်း ဒါရိုက်တာဂျိမ်းစ်ကင်မရွန် ပြော

Avatar 2 အား လာမည့် ၂၀၁၈တွင် ပြသနိုင်ဦးမည်မဟုတ်ကြောင်း ဒါရိုက်တာဂျိမ်းစ်ကင်မရွန် ပြော

သမိုင်းတစ်လျှောက် ရုံဝင်ငွေအကောင်းဆုံး ဇာတ်ကားစာရင်းတွင် နံပါတ်တစ်နေရာမှ ဦးဆောင်နေသည့် Avatar ရုပ်ရှင်၏ နောက်ဆက်တွဲဇာတ်လမ်းကို ၂၀၁၈ တွင် ရုပ်ရှင်ရုံများ၌   ပြသရန်မျှော်လင့်ထားသော်လည်း ဖြစ်လာနိုင်တော့မည်မဟုတ်ကြောင်း ဒါရိုက်တာဂျိမ်းစ်ကင်မရွန် က ပြောခဲ့သည်။

ကင်မရွန်က သူသည် Avatar ၏ နောက်ဆက်တွဲဇာတ်လမ်း ၄ ခုအတွက် အစီအစဉ်များ ရေးဆွဲခဲ့သော်လည်း Avatar 2 ထွက်ရှိလာမည့် ရက်စွဲအတိအကျကို အတည်မပြုနိုင်သေးကြောင်း ပြောခဲ့သည်။

“၂၀၁၈ မှာတော့ ပြသဖို့မဖြစ်နိုင်တော့ပါဘူး။ ကျနော်တို့ ရုပ်ရှင်ထွက်ရှိမယ့် ရက်စွဲအတိအကျကို ကြေညာနိုင် ခြင်းမရှိသေးပါဘူး။ ကျနော်တို့ တစ်ကားထဲရိုက်နေတာမဟုတ်ပါဘူး။ ကျနော်တို့ Avatar ၂၊ ၃၊ ၄၊ ၅ ဆိုပြီး နောက်ထပ် ၄ ကားတောင်ရိုက်ကူးနေတာပါ။ တစ်ကားကိုရိုက်ကူးဖို့ ကျနော်တို့ လေးနှစ်ခွဲလောက် အချိန်ယူ ခဲ့ရပါတယ် ” ဟု အော်စကာဆုရှင် ဒါရိုက်တာကြီးက ပြောခဲ့သည်။

Avatar ဇာတ်ကားသည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့ပြီး Box Office ရုံဝင်ငွေစံချိန်များကို ရိုက်ချိုးခဲ့ ကာ ကမ္ဘာတစ်ဝှမ်း ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံခန့်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားအဖြစ် မင်းမူလျက်ရှိသည်။

Avatar ၏ နောက်ဆက်တွဲဇာတ်ကားကို ကနဦးက ၂၀၁၄ခုနှစ်တွင် ပြသနိုင်ရန်စီစဉ်ထားသော်လည်း အချိန် ကြန့်ကြာနေပြီး ထွက်ရှိမည့်ရက်စွဲကို ပြန်ပြောင်းရသည်မှာ သုံးကြိမ်အထိရှိပြီဖြစ်ကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags