အာရှဖလားခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာနှင့် အင်ဒိုနီးရှားခြေစမ်းကစားမည်

အာရှဖလားခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာနှင့် အင်ဒိုနီးရှားခြေစမ်းကစားမည်

မတ် ၁၃၊ ရန်ကုန်။         ။ မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် အာရှဖလားခြေစစ်ပွဲအဖွင့်ပွဲအဖြစ် ကစားမည့် အိန္ဒိယအသင်းနှင့် ပွဲမတိုင်မီအကြိုပြင်ဆင်မှုအဖြစ်   မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းတို့ ခြေစမ်းပွဲကစားမည်ဖြစ်သည်။

မြန်မာအသင်းမှာ မူလက မတ်လ ၂၂ ရက်တွင် အာဖရိကအသင်း အီကွေတိုရီရယ်ဂီနီအသင်းနှင့်ခြေစမ်းရန် စီစဉ်ထားသော်လည်း ပျက်ပြယ်ခဲ့သဖြင့် အင်ဒိုနီးရှာအသင်းနှင့် ကစားရန် ပြောင်းလဲစီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ခြေစမ်းပွဲကို မတ်လ ၂၁ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၊ ပါကန်စာရီအားကစားကွင်းတွင် ဒေသစံတော်ချိန် ည ရ နာရီ(မြန်မာစံတော်ချိန် ညနေ ၆း၃၀) တွင်ကစားမည်ဖြစ်သည်။

မြန်မာအသင်းနှင့်ခြေစမ်းကစားမည့် အင်ဒိုနီးရှားအသင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ပွဲပယ်ပြစ်ဒဏ် ကြောင့် အာရှဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးထားသည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အာရှဖလားခြေစစ်ပွဲတတိယအဆင့် အုပ်စု(က)တွင် ကာဇက်စတန်၊ အိန္ဒိယ၊ မကာအို အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly