၂၀၁၆ အလယ်​ရိုးမကဗျာဆုကို ကဗျာဆရာ သားဦး ရရှိ

၂၀၁၆ အလယ်​ရိုးမကဗျာဆုကို ကဗျာဆရာ သားဦး ရရှိ
photo အလယ်ရိုးမ ကဗျာ Fb Pageမှ

မတ်လ ၁၂ ။           ။ ယခုနှစ်​တွင်​​ပေးအပ်​မည်​့ အလယ်​ရိုးမကဗျာဆု (၂၀၁၆)ကို ဆရာသားဦး၏ "ကိုယ်​့အသိထဲက သူစိမ်​းတစ်​​ယောက်​" ကဗျာမှ ရရှိသွား​ကြောင်​း ဆု​ရွေးချယ်​​ရေးအဖွဲ့ထံမှ သိရသည်​။

 အလယ်​ရိုးမကဗျာဆုအား ၂၀၁၆ ခုနှစ် အတွင်​းထွက်​ရှိထား​သော ကဗျာစာအုပ်​၊ မဂ္ဂဇင်​းကဗျာများထဲမှ ဆန်​ခါတင်​ ၅ ပုဒ်​အား ရွေးချယ်​ပြီး ဆု​ရေးချယ်​​ရေးအဖွဲ့ဝင်​ (၁၂)ဦးက အမှတ်​​ပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အမှတ်အများဆုံးရရှိ​သောကဗျာအား အလယ်​ရိုးမ ကဗျာဆုအဖြစ်​​ ပေးအပ်​ချီးမြှင်​့​ကြောင်​း ဆုရွေးချယ်ရေးအဖွဲ့ဝင် ဆရာအောင်​နှင်​းသစ်​က ပြောသည်။

ဆန်ခါတင်​ကဗျာများအဖြစ်​ မောင်​သိန်​း​ဇော်​၏ "အခင်​းဖြစ်​ပွားစဉ်​" ၊ ခိုင်​မြဲ​ကျော်​စွာ၏ " သတင်​း​ပေး​တွေ​ ဆောက်​တစ်​လက်​နဲ့ ​နေ့ရယ်​ညရယ်​ခြစ်​ယူသွားခဲ့ပြီးတိုင်​​အောင်​"၊  စိုင်​းဝင်​းမြင်​့၏ "ခုနှစ်​စင်​ကြယ်​" ၊ ​ဝေး​ခေါင်​၏ "ငုံးအိမ်​ကျူလ" ၊ သားဦး၏ "ကိုယ်​့အသိထဲက သူစိမ်​းတစ်​​ယောက်​" ကဗျာများပါဝင်​ခဲ့​ကြောင်​း သိရသည်​။

အလယ်​ရိုးမကဗျာဆု​ပေးပွဲကို မတ်​လ ၂၁ ရက်​၊ ကဗျာဆရာ​ မောင်​သင်​းခိုင်​​ ၏ ရ၇ နှစ်​ပြည်​့မွေး​နေ့(ကမ္ဘာ့ကဗျာ​နေ့)တွင်​ ပျဉ်​းမနားမြို့၌ ကျင်​းပသွားမည်​ ဖြစ်​​ကြောင်း သိရသည်​။

အလယ်​ရိုးမကဗျာဆုအား ၂၀၀၂ ခုနှစ်​ကစတင်​​ပေးအပ်​ခဲ့ခြင်​းဖြစ်​ပြီး ပထမဦးဆုံးဆုရှင်​အဖြစ်​ နေမျိုး၏ "ခဲတံတစ်​​ချောင်​းရဲ့ ရယ်​သံ "ကဗျာမှရရှိခဲ့​ကြောင်​း ဆုရွေးချယ်ရေးအဖွဲ့ဝင် ဆရာအောင်​နှင်​းသစ်က မဇ္စျိမသို့​ ပြောသည်​။

မြန်​မာကဗျာ​လောကတွင်​ အလယ်​ရိုးမကဗျာဆု၊ အ​နောက်​ြ​မာက်​လွင်​ပြင်​ကဗျာဆုတို့မှာ ထင်​ရှားပြီး နှစ်​စဉ်​​ ဆုပေးအပ်​လျက်​ရှိ​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly