ပွဲဦးထွက်ရုံဝင်ငွေ ဒေါ်လာ ၆၁သန်းခဲ့ရရှိခဲ့ပြီး Box Office ဇယား၌ ဦးဆောင်နေသည့် Kong: Skull Island

ပွဲဦးထွက်ရုံဝင်ငွေ ဒေါ်လာ ၆၁သန်းခဲ့ရရှိခဲ့ပြီး Box Office ဇယား၌ ဦးဆောင်နေသည့် Kong: Skull Island

ပြီးခဲ့သော စနေ၊ တနင်္ဂနွေပိတ်ရက်တွင် ပွဲဦးထွက်ရုံတင်ပြသခဲ့သည့် Kong: Skull Island ရုပ်ရှင်သည် အမေရိကန်၌ ရုံဝင်ငွေဒေါ်လာ ၆၁သန်း ရရှိခဲ့သောကြောင့် Box Office ရုံဝင်ငွေဇယားတွင် Logan ဇာတ်ကားကို ကျော်ဖြတ်ကာ ထိပ်ဆုံး၌ရပ်တည်နေသည်။

မှတ်တမ်းများအရ ၂၀၀၅ခုနှစ်က Lord Of the Rings ဒါရိုက်တာ ပီတာဂျက်ဆန် ရိုက်ကူးခဲ့သည့် King Kong ဇာတ်ကားထက် ပွဲဦးထွက်ရုံဝင်ငွေ ၁၁ သန်းခန့်ပိုမိုရရှိခဲ့ကြောင်းသိရသည်။ ကုန်ကျငွေ ၁၈၅ သန်းခန့်ရှိသည့် ကင်းကောင်ဇာတ်ကား Kong: Skull Island သည် ကမ္ဘာတစ်ဝှမ်းပြသမှုတွင်လည်း ၈၁ သန်းရရှိခဲ့သောကြောင့် ပိတ်ရက်အတွင်း စုစုပေါင်း ဒေါ်လာ ၁၄၂သန်း ရရှိခဲ့ကာ အမြတ်များစွာရရန် တာစူနေသည်။

ရုံဝင်ငွေဇယား၏ ဒုတိယနေရာမှ Logan ဇာတ်ကားသည် အမေရိကန်၌ ဒုတိယအပတ် ပြသမှုရုံဝင်ငွေ ၃၇.၉ သန်း ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းရုံဝင်ငွေ ၂၈၅သန်း ရရှိထားသောကြောင့် စုစုပေါင်း ၄၃၈.၃သန်း ရရှိကာ ဆယ်ရက်အတွင်း ယခင်ထွက်ခဲ့သမျှ Wolverine ဇာတ်ကားများ၏ စုစုပေါင်းရုံဝင်ငွေကို ကျော်လွန်သွားခဲ့ သည်။

တတိယနေရာမှ Get out အမည်ရှိ ထိတ်လန့်သည်းဖို ဇာတ်ကားသည် ရုံဝင်ငွေ ၂၁.၁သန်း ရရှိထားပြီး အမေရိကန်၌ ပြသခဲ့သည့် ၃ပတ်အတွင်း စုစုပေါင်း ရုံဝင်ငွေ ၁၁၁ သန်းခန့်ရရှိထားကာ ကုန်ကျငွေ ၄.၅သန်းခန့် သာရှိခဲ့သောကြောင့် အမြတ်များသော ရုပ်ရှင်တစ်ကားဖြစ်လာသည်။

Lionsgate မှ ထုတ်လုပ်သော “ The Shack” ဇာတ်ကားက ရုံဝင်ငွေ ၁၀.၁ သန်းရရှိကာ နံပါတ်လေးနေရာ၌ ရပ်တည်နေပြီး Warner Bros. မှ ထုတ်လုပ်သော “ The Lego Batman” ဇာတ်ကားမှာ ရုံဝင်ငွေ ရ.၈သန်းနှင့် နံပါတ်ငါးနေရာ၌ ရပ်တည်နေကာ ရုံဝင်ငွေဇယား၏ ထိပ်ဆုံးငါးနေရာအား ပိတ်သိမ်းခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly