Mekong Challenge 2017 ပြိုင်ပွဲကို ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

Mekong Challenge 2017 ပြိုင်ပွဲကို ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ
ဓာတ်ပုံ-UMFCCI

ရန်ကုန် မတ် ၁၂ ။              ။ Mekong Challenge 2017 ပြိုင်ပွဲကို မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ Melia Hotel တွင် ကျင်းပခဲပြီး မြန်မာနိုင်ငံမှ ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲအစီအစဉ်များတွင် ပြိုင်ပွဲဝင်အသင်းများမှ တစ်သင်းချင်းစီ၏ တီထွင်ကြံဆမှုများ၊ဖန်တီးမှုများကို တင်ဆက်ယှဉ်ပြိုင်ကြရပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဘူတန်နိုင်ငံ စုစုပေါင်း ၅ နိုင်ငံမှ အသင်း ၁၁ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Gulpzilla အဖွဲ့မှ Gold Medal of the Mekong Challenge 2017 ကို ဆွတ်ခူးခဲ့ပြီး M- Scienc အဖွဲ့က KBZ Disruptor Award (5k) ၊ ဘူတန်နိုင်ငံက Gladden Gull (Royal Thimphu College )အဖွဲ့က Silver Medal ဆု၊ လာအိုနိုင်ငံ Herb Power (National University of Laos,Lao -American College and University of Heath Sciences,Vientiane)အဖွဲ့က Bronze Medal ဆုများ ရရှိခဲ့သည်။

ဆုချီးမြှင့်ပွဲတွင်  ကုန်သည်စက်မှုအသင်းချုပ်( UMFCCI) ဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။

ပထမဆုရရှိသော အသင်းများသည် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် International Business Competition ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

Mekong Challenge 2017 ပြိုင်ပွဲကို Mokinsey & Company က ကြီးမှူး၍ UMFCCI နှင့် ရန်ကုန်တက္ကသိုလ် ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly