တန့်ဆည်မြို့တွင် အမှတ်တရဗိုလ်ချုပ်ကြေးရုပ် ထားရှိနိုင်ရေးကြိုးပမ်းနေ

တန့်ဆည်မြို့တွင် အမှတ်တရဗိုလ်ချုပ်ကြေးရုပ် ထားရှိနိုင်ရေးကြိုးပမ်းနေ
ဗိုလ်ချု ပ်ကြေးရုပ်ထားရှိမည့် လမ်းဆုံအဝိုင်းနေရာ။ ဓာတ်ပုံ- Taze

 မြိတ်။မတ် - ၁၁ ။                ။ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ရှိ လမ်းဆုံအဝိုင်းပတ်နေရာ၌ ဗိုလ်ချုပ်အမှတ်တရ ကြေးရုပ်ထားရှိနိုင်ရေးကို ပြီးခဲ့သည့် ဗိုလ်ချုပ်ရာပြည့်ပွဲမှ စတင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ မတ်လ ရ ရက်အထိ စုစုပေါင်းအလှူခံရရှိငွေ ကျပ်သိန်း ၃၀၀ ကျော် ရရှိထားပြီး ရည်မှန်းထားသည့်ပမာဏ ရရှိရန် အလှူငွေ ကောက်ခံလျက်ရှိကြောင်း ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးအုန်းမြက ပြောသည်။

ဒေသခံများဆန္ဒအတိုင်း မြင်းစီးကြေးရုပ် (သို့မဟုတ်) မတ်တပ်ရပ်ကြေးရုပ် အဖြစ် ဆောင်ရွက်နိုင်ရန် သဘောထားများကိုလည်း ယခု မတ်လ ၂၀ ရက်တွင်ပြု လုပ်မည့် အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ပြီး လိုအပ်လျက်ရှိသည့် ငွေပမာဏကိုလည်း ဆက်သွယ်လှူဒါန်းမှု ပြု လုပ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ဆက်သွယ်လှူ ဒါန်းနိုင်မည့် ဖုန်းနံပတ်များမှာ ဦးကျော်ညွန် ့ 09-400416344၊ ဦးဝင်းမောင် 09-791766416၊ ကိုနေမျိုးအောင် 09-782010549 ၊ ဒေါ်မာမာအေး 09-452763329 ၊ ဦးမျိုးနိုင် 09-259463041၊ ဦးမျိုးမင်းသန် ့ 09-970702639၊ ဘဏ်အကောင့် U KYAW NYUNT No-1161220007174 Kanbawza Bank Ye Oo တို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly