သက်ငယ်မုဒိမ်းမှု ၅ လကြာထိ ကြန့်ကြာနေ၍ ကာယံကံရှင်မိသားစုမှ စိုးရိမ်

သက်ငယ်မုဒိမ်းမှု ၅ လကြာထိ ကြန့်ကြာနေ၍ ကာယံကံရှင်မိသားစုမှ စိုးရိမ်

ကောလင်း၊ မတ်လ ၁၁ ။             ။ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသော  အမှုတစ်ခုမှာ ၅ လကြာသည်အထိ စီစစ်နေသောကြောင့် ကာယကံရှင်မိသားစုမှ စိုးရိမ်ပူပန်နေကြောင်း မဇ္ဈိမသို့ မတ်လ ၁၁ ရက်တွင် ပြောသည်။

​စစ်​ကိုင်​းတိုင်​း​ဒေသကြီး​၊ ကောလင်​းမြို့နယ်​၊ အိုင်​ကြီးအုပ်​စု၊ ကြာအင်​းကုန်​း​ကျေးရွာတွင် အသက်​၇နှစ်​ အရွယ်​ရှိ ပထမတန်​း​ကျောင်​းသူတစ်ဦးကို သားမယားအဖြစ်​ပြုကျင့်ခံရမှုကို ၅ လကြာအထိ စစ်​​ဆေး​နေဆဲဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့ပြီး မိခင်မှ နေမကောင်း၍ သားဖွားဆရာမဆီ ဆေးကုသသွားရာမှ အိမ်ရှင်ဆရာမ၏ သားဖြစ််သူမှ ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုအား တရားရုံးသို့တင်ပြထားသော်လည်း ရွာမှ ၂၆ မိုင်အကွာအဝေးသို့ သွားရောက် အမှုဆိုင်သော်လည်း အမှုကို စစ်ဆေးခြင်းမရှိခြင်း၊ ကောလင်းတရားရုံးသို့ ၁၀ ကြိမ်ထက်မနည်း သွားခဲ့သော်လည်း ထူးခြားမှုမရှိခြင်း၊ မိန်းကလေးငယ်မိဘများမှာ နေ့စားအလုပ်သမားများ ဖြစ်သောကြောင့် ရုံးချိန်းများလာရာတွင် ခက်ခဲမှုရှိခြင်းများ ရှိသည်ဟု မိန်းကလေးငယ်၏ ဖခင် ကိုဖြိုးဖြိုးအောင်က ပြောသည်။

ထိုကဲ့သို့ အမှုကြာရှည်နေခြင်းမှာ တစ်ဖက်မှ ဒဏ်ရာပျောက်ရန် အချိန်ဆွဲခြင်းဟု မိန်းကလေးငယ်၏ ဖခင်ဖြစ်သူက မဇ္ဈိမသို့ ပြောဆိုသည်။

​အဆိုပါ ၅ လ တာ ကာလအတွင်း  မိန်းကလေးငယ်၏ မိခင်ကိုသာ စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်တွင် အမှုအား လူမှုဝန်​ထမ်​းကယ်​ဆယ်​​ရေးနှင်​ပြန်​လည်​​နေရာချထား​ရေးဝန်​ ကြီးဌာနသို့ တိုင်ကြားခဲ့သည်။  တိုင်ကြားပြီး ၈ ရက်အကြာ ဇန်နနဝါရီလ ၃၀ ရက်တွင် တရားရုံးချိန်း စစ်ဆေးခဲ့ပြီး စစ်ဆေးခြင်အားရပ်နားထားကြောင်း၊ ကျုးလွန်သူဟု တိုင်ကြားခံထားရသူ  မောင်နိုင်အောင်ခန့်အား ကသာခရိုင်တရားရုံးသို့  ပို့လိုက်ကြောင်း သိရသည်။

ထို့ကြောင့် မတ်လ ၁၀ ရက်တွင် ကသာတရားရုံး ရုံးချိန်းသို့ ပထမဆုံး လာရောက်ရကြောင်း ဖြစ်သည်ဟု မိန်းကလေးငယ်၏ ဖခင် ကိုဖြိုးဖြိုးအောင်က ပြောသည်။

အဆိုပါအမှု ရုံးချိန်းအား မတ်လ ၂၀ ရက်သို့ ထပ်မံရုံးချိန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly