လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာသစ်တွင် ထိုင်းက အောက်ခြေအဆင့်-၃သာရှိဟု အမေရိကန်သတ်မှတ်

လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာသစ်တွင် ထိုင်းက အောက်ခြေအဆင့်-၃သာရှိဟု အမေရိကန်သတ်မှတ်

လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာသစ်တွင် ထိုင်းသည် အောက်ခြေအဆင့်-၃ သာရှိနေသည်ဟု အမေရိကန်က သတ်မှတ်ခဲ့သည်။ ထိုင်းအစိုးရသည် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းကိုပင် လိုက်နာမှုမရှိဘဲ သိသာထင်ရှားသည့် အားထုတ်မှုလည်းမရှိဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။

အမေရိကန်၏ အစီရင်ခံစာမထုတ်ပြန်မီ နာရီပိုင်းအလို ဇူလိုင်၂၇ နေ့လည်ပိုင်းက အမေရိကန်၏ ဆုံးဖြတ်ချက်ကို လေးစားမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သေးသည်။ ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ဆောင်စရာများစွာ ရှိနေသေးသည်ဟု ၎င်းက ဝန်ခံခဲ့သည်။ သို့သော်လည်း မကြာသေးမီလများအတွင်း သိသာသည့် တိုးတက်မှုများရှိသည်ဟုလည်း ၎င်းက ယူဆခဲ့သည်။

မလေးရှားမှာမူ မျှော်လင့်ထားသည့်အတိုင်း အဆင့်-၃မှ အဆင့်-၂သို့တိုးတက်ခဲ့သည်။ သို့သော်လည်း မလေးရှားကို အဆင့်မြင့်တင်ရန် လိုအပ်နေသေးသည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်သမ္မတဘားရက်အိုဘားမားက ၎င်း၏ ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်စာချုပ်(TPP)အတွက် ကွာလာလမ်ပူ၏ မဲလိုအပ်နေသည်ဟု မီဒီယာများနှင့် ကွန်ဂရက်သတင်းရင်းမြစ်များက ပြောသည်။

TPPဆိုင်ရာ နောက်ဆုံး စေ့စပ်ညှိနှိုင်းမှုများကို ယခုသီတင်းပတ်တွင် စတင်မည်ဖြစ်သည်။ အမေရိကန်ဥပဒေအရ  လူကုန်ကူးမှုအဆင့်-၃တွင် ရှိနေသောနိုင်ငံတစ်ခုသည် ဝါရှင်တန်နှင့် ကုန်သွယ်ရေး သဘောတူစာချုပ်များတွင် မပါဝင်နိုင်ပေ။ အစီရင်ခံစာထောက်ကူမှုများအတွက် နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မကျေနပ်မှုများရှိနေသည်။ မတ် ၃၁ နောက်ဆုံးရက်သတ်မှတ်ခြင်းက ယခုနှစ် လူကုန်ကူးမှုအစီရင်ခံစာတွင် ပရာယွတ်၏ အစိုးရ အောင်မြင်မှုရရန်မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

လူကုန်ကူးမှုဆိုင်ရာ သတင်းအချက်အလက်အားလုံးတင်သွင်းရန် နောက်ဆုံးသတ်မှတ်ရက် မတ် ၃၁ရက်အား ဗိုလ်ချုပ်ကြီး ပရာယွတ်အစိုးရက လုပ်ဆောင်မည့် အဓိကဆောင်ရွက်ချက်များကိုပြုလုပ်ရန် တရားဝင် မစဉ်းစားခဲ့ဟု ဆိုသည်။

ထိုင်းတွင် လူကုန်ကူးခံဓါးစာခံများ၏ တစ်ထောက်နားစခန်းများနှင့် လူကုန်ကူးမှုတွင် ကြယ်သုံးပွင့် စစ်တပ်ဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် သံသယရှိသူ ၁၀၀ ကျော်ကို တရားစွဲဆိုမှုတို့ ပေါ်ပေါက်ခဲ့သည်။ ရိုဟင်ဂျာလှေစီးဒုက္ခသည်များပြသနာကို ကိုင်တွယ်ဖြေရှင်းရန် မေလက နိုင်ငံတကာအစည်းအဝေးကလည်း ယခုနှစ်အစီရင်ခံစာအတွက် နောက်ကျလွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly