သံလွင်၊ စစ်တောင်းနှင့် ငဝန်မြစ်ရေ စိုးရိမ်ရေမှတ် ရောက်တော့မည်

သံလွင်၊ စစ်တောင်းနှင့် ငဝန်မြစ်ရေ စိုးရိမ်ရေမှတ် ရောက်တော့မည်

နေပြည်တော် (မဇ္ဈိမ) ။ ။ သံလွင်၊ စစ်တောင်းနှင် ငဝန်မြစ်ရေသည် ၂၄နာရီမှ ၄၈နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်လာ နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးခြင်း သတိပေးချက်အဖြစ် အသီးသီးထုတ်ပြန်ထားသည်။

စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီ ခွဲတွင် တိုင်းတာချက်များအရ မဒေါက်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရန် ၆ လက်မခန့်သာ လိုတော့ပြီး သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ နှစ်ရက်အတွင်း ရောက်ရှိနိုင်သည်ဟု သတိပေးထားသည်။

ထို့ပြင် ငဝန်မြစ်ရေသည်လည်း ဇူလိုင် ၂၇ ရက်တွင် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်သည်ဟု မိုး/ဇလ က သတိပေးထားသေးသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင်အဆင့်ရှိ မုန်တိုင်းငယ်သည် ယနေ့ နေ့လည ၁နာရီခွဲအချိန်တိုင်းထွာချက်အရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသော် လည်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများဖြစ်ပေါ်နိုင်ပါ သည်ဟု မိုး/ဇလ က ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်လည်း အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly