ဘေဆယ်မြို့၌ ကော်ဖီဆိုင်ထဲရှိ လူ၂ဦးအား ပစ်သတ်ခဲ့သော သေနတ်သမားများကို ဆွစ်ဇာလန်ရဲများ ရှာဖွေ

ဘေဆယ်မြို့၌ ကော်ဖီဆိုင်ထဲရှိ လူ၂ဦးအား ပစ်သတ်ခဲ့သော သေနတ်သမားများကို ဆွစ်ဇာလန်ရဲများ ရှာဖွေ

ယနေ့သောကြာနေ့တွင် ဘေဆယ်မြို့ရှိ ကော်ဖီဆိုင်၌ လူ၂ဦးအားပစ်သတ်ခဲ့ပြီး အခြားတစ်ဦးကို ဒဏ်ရာရရှိစေ ခဲ့သော သေနတ်သမား၂ဦးအား ဆွစ်ဇာလန်ရဲများသည် လိုက်လံဖမ်းဆီးနေကြသည်။

လူနေအိမ်ရပ်ကွက် အနီးရှိ ကော်ဖီဆိုင်၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုသည် မည့်သည့်ရည်ရွယ်ချက်ဖြင့် ဖြစ်ပွားခဲ့ခြင်းကို မသိရသေးကြောင်းနှင့် သေဆုံးသူများနှင့် သံသယရှိသူများ၏ အသေးစိတ်အချက်အလက် များကို ထုတ်ပြန်ကြေညာရခြင်း မရှိသေးကြောင်း အစိုးရရှေ့နေများက ပြောခဲ့သည်။

“ဒေသစံတော်ချိန် ည ၈နာရီ ၁၅မိနစ်လောက်မှာ Cafe 56 ကော်ဖီဆိုင်ထဲသို့  အမျိုးသားနှစ်ဦး ၀င်ရောက်လာခဲ့ ပြီးတော့ အကြိမ်ကြိမ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်” ဟု ဆွစ်ဇာလန်နိုင်ငံမြောက်ပိုင်း ရိုင်းမြစ်ဘေးနားရှိ မြို့ကလေးမှ ရဲတစ်ဦးက ပြောခဲ့သည်။

“ကော်ဖီသောက်နေသူ ၂ ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးဟာတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ရဲများက ထုတ်ပြန်ကြေညာခဲ့သည်။

ပြစ်မှုကျူးလွန်သူ ၂ဦးသည် သေနတ်ဖြင့် ပစ်ခဲ့ပြီးသည့်နောက်တွင် မြို့ထဲရှိ မီးရထားဘူတာသို့ ဦးတည် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို အခုချိန်ထိ မသိရသေးသလို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဘေဆယ်ရှိ အစိုးရရှေ့နေရုံးမှ ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly