မြို့မ အပျော်တမ်းတူရိယာအသင်းမှ နွေရာသီ ဂီတသင်တန်းကို ဖွင့်မည်

မြို့မ အပျော်တမ်းတူရိယာအသင်းမှ နွေရာသီ ဂီတသင်တန်းကို ဖွင့်မည်
ဓာတ်ပုံ- ဘိုဘို မဇ္ဈိမ

မန္တလေး၊ မတ် ၁၀ ။            ။ မန္တလေးမြို့ မြို့မ အပျော်တမ်းတူရိယာအသင်းမှ မျိုးဆက်သစ်များမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး နွေရာသီ ဂီတသင်တန်းကို (၂၀၁၇)ခုနှစ် မတ်လစတုတ္တအပတ်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု သိရသည်။

နွေရာသီ ဂီတသင်တန်းကို (၂၀၁၇)ခုနှစ် မတ်လ(၂၀)ရက်မှ မေလထိ (၃)လကြာ သင်ကြားပေးမည်ဖြစ်ပြီး လေမှုတ်တူရိယာ၊ တယော၊ စန္ဒယား၊ သီချင်းအဆို၊ ဂီတသင်္ကေတ နှင့် တေးရေး (သီချင်းရေးနည်း) စသော ဂီတအမျိုးအစား (၅)မျိုးကို သင်ကြားပေးသွားမည်ဖြစ်သည်။

''မျိုးဆက်သစ် ဂီတပညာရှင်တွေ ပေါ်ပေါက်လာဖို့ အခုလို သင်တန်းဖွင့်ဖြစ်တာပါ။ ဂီတအမျိုးအစား ငါးမျိုးသင်ကြားပေးမှာပါ။ မြို့မအသင်းက ဂီတပညာရှင်တွေကနေ သင်ကြားပေးသွားမှာပါ။ '' ဟု မြို့မ အပျော်တမ်းတူရိယာအသင်း ဥက္ကဌ ဒေါက်တာ လှခိုင်က ပြောသည်။

နွေရာသီ ဂီတသင်တန်း အမျိုးအစားတစ်မျိုးလျှင် ကျပ်ငါးသောင်း သတ်မှတ်ထားပြီး တက်ရောက်လိုသူမျာအနေဖြင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၂၁)လမ်း နှင့် (၈၆)လမ်းထောင့်ရှိ မြို့မ အပျော်တမ်းတူရိယာအသင်း ဖုန်းနံပါတ် (၀၂-၃၉၇၄၈)ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly