နေပြည်တော်ကောင်စီနယ်မြေ၌ နေ့စားအလုပ်သမားများ တင်လာသည့်ကားမှောက်ကာ လူ (၁)ဦးသေဆုံးကာ (၂၂)ဦးဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၌ နေ့စားအလုပ်သမားများ တင်လာသည့်ကားမှောက်ကာ လူ (၁)ဦးသေဆုံးကာ (၂၂)ဦးဒဏ်ရာရ

နေပြည်တော်၊ မတ် ၁၀ ။                 ။ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဇေယျာသီရိမြို့နယ် သိုက်ချောင်းကျေးရွာအနီးတွင် နေ့စားအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး မတ်လ ၁၀ရက်၊ နံနက် ၆နာရီ ၄၀ အချိန်က အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်း သိုက်ချောင်းကျေးရွာ အနီးတွင် ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ မောင်းနှင်လာသော ကန်တာအဖြူရောင်ယာဉ်သည် ၎င်းယာဉ်၏အရှေ့မှ လားရာတူမောင်းနှင်နေသည့် ဆီဘောက်ဆာယာဉ်အား တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ဘေးရှိ တယ်လီဖုန်းတိုင်အား ထပ်ဆင့်ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ပါလာသူ ၂၃ ဦးအနက် (၁)ဦးသေးဆုံးခဲ့ပြီး (၂၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ (၁)ဦးအား နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပေးပို့ခဲ့ပြီး၊ ဒဏ်ရာရလူနာ(၂၂)ဦးအား နိုင်င့ံဝန်ထမ်းအငြိမ်းစားဆေးရုံသို့ပေးပို့ခဲ့ကြောင်း သိရသည်။ (၂၂)ဦးအနက် တစ်ဦးမှာ စိုးရိမ်ရပြီး ကျန်လူများမှာ ပြင်ပလူနာအဖြစ် ဆေးကုသနေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယာဉ်တိမ်းမှောက်မှုအတွက် ယာဉ်မောင်းအား ယာဉ်ပ ၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က/၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly