ကျော်ကြားလှတဲ့ ဂျပန်သခွား စိုက်ပျိုးရေး (အပိုင်း ၁)

ကျော်ကြားလှတဲ့ ဂျပန်သခွား စိုက်ပျိုးရေး (အပိုင်း ၁)

ဂျပန်သခွား စိုက်ပျိုးရေးကို လေ့လာဖို့ ကျွန်တော်တို့အဖွဲ့သားတွေ ဒီကနေ့ ရောက်ရှိနေတဲ့နေရာကတော့ ဘိုကလေးမြို့နယ်မှာရှိတဲ့ မြင်းကာကုန်း စံပြကျေးရွာမှာပဲ ဖြစ်ပါတယ်။ ဒီမှာဆိုရင်တော့ လူပြောများ ကျော်ကြားနေတဲ့ ဂျပန်သခွား စိုက်ပျိုးထားတဲ့ စိုက်ပျိုးခင်းထဲကို ကျွန်တော်တို့ ရာက်ရှိနေခဲ့ကြပါတယ်။

ဂျပန်သခွား စိုက်ပျိုးရန် အကောင်းဆုံးမြေကတော့ ရေဝင်ရေထွက်ရှိတဲ့မြေ၊ နေရောင်ခြည် ကောင်းကောင်းရပြီး လေအနည်းငယ်တိုက်တဲ့ မြေမျိုးမှာဆိုရင် ကောင်းစွာဖြစ်ထွန်းပါတယ်။ စိုက်ပျိုးမယ့်မြေကို အနည်းဆုံး ၆ လက်မအနက်ရောက်အောင် စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။ ထွန်ယက်ပြီးရင်တော့ မြေကို ပြုပြင်ပေးရန် လိုအပ်ပါတယ်။

စိုက်ပျိုးမယ့်မြေကို ပြုပြင်ပြီးရင်တော့ သခွားပင်များ စိုက်ပျိုးရန် ဘောင်များကို ပြုလုပ်ပေးရမှာလည်း ဖြစ်ပါတယ်။ ဘောင်များကတော့ မျက်နှာပြင်အကျယ် ၄ ပေ ရ လက်မနဲ့ ဘောင်ရဲ့အမြင့်ကတော့ ၁ ပေနဲ့ ၈ လက်မခန့် ရှိရမှာဖြစ်ပါတယ်။ တစ်ဘောင်နဲ့တစ်ဘောင် အကာအဝေးကတော့ အပေါ်ထိပ် ၂ ပေနဲ့ အောက်ခြေက ၁ ပေနဲ့ ၄ လက်မခန့် ခွာပေးရမှာလည်း ဖြစ်ပါတယ်။

ဘောင်များအပေါ်မှာ မြေသြဇာ ထည့်ရန်အတွက် မြေ ၁ ဧကမှာ MPK ၁၅ ပတ်လည် နှစ်အိတ်၊ စူပါ ဖော့စဖိတ် ၁ အိပ် ၊ နွားချေး ၁၅၆ ပိဿာ ဒါမှမဟုတ်ရင် ကြက်ချေး ကောက်ရိုးဆွေး ၆၂၂ ပိဿာတို့ကို ဘောင်အလယ်တည့်တည့်မှာ ခြောက်လက်မအနက် မြောင်းဆွဲဲပြီးတော့ မြောင်းရဲ့အောက်ခြေမှာ နွားချေး ဒါမှမဟုတ်ရင် ကြက်ချေး ကောက်ရိုးဆွေးကို ထည့်ပေးရမှာပါ။

 ပြီးရင်တော့ MPK ၁၅ ပတ်လည်ကို ထည့်ပေးရမှာပါ။ နောက်ဆုံး စူပါဖေ့ာစဖိတ်ကို ထည့်ပေးရပါမယ်။ အထပ်လိုက် ထည့်ပေးရမှာဖြစ်ပြီးတော့ ပြီးရင်တော့ ပြန်ပြီးတော့ ဖုံးအုပ်ပေးထားရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly