UNA နှင့် မိတ်ဖက် အဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံ ဥပေဒပြင်ဆင်ရေးများ အဓိက ဆွေးနွေး

UNA နှင့် မိတ်ဖက် အဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံ ဥပေဒပြင်ဆင်ရေးများ အဓိက ဆွေးနွေး

ရန်ကုန် (မဇ္ဈိမ) ။ ။ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့်မိတ်ဖက် အဖွဲ့ အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ပထမနေ့တွင် ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပေဒပြင်ဆင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည် ဟု UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ဆွေးနွေးပွဲ အပြီးတွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင် ၂၇ ရက်က စတင်ကျင်းပပြီး ၂၉ ရက်အထိ ကျင်းပမည် ဖြစ်သည်။

ဦးအေးသာအောင်က "၂၀၁၅ရွေးကောက်ပွဲကို ဘယ်လိုပုံဖြတ်သန်းကြမလဲ၊ NCA(တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်)ကို လက်မှတ်ထိုးဖို့ အထစ်အငေ့ါဖြစ်နေတာကို ဘယ်လို တိုးတက်အောင်လုပ်ကြမလဲ၊ NCA လက်မှတ်ထိုးပြီးရင် ဘာတွေဆက်လုပ်ကြမလဲ၊ အခြေခံ ဥပေဒပြင်ဆင်ရေးအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို တက်လာတဲ့အဖွဲ့တွေက ဆွေးနွေးကြ တယ်” ဟုဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းရင်းသားအဖွဲ့များ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း ၃၂ ဖွဲ့တက်ရောက်ခဲ့ကြသည်။

UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က” အဓိကကတော့ ရွေးကောက်ပွဲကိုဘယ်လိုဖြတ်သန်းမလဲပေါ့။ ဒါကိုဆွေးနွေးတယ်၊ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကိ ုပြင်ဆင် ဖို့လိုတယ်၊ ဒါကို ဘယ်လိုလုပ်ကြမလဲ ဆိုတာ ဒါတွေကို အဓိက ဆွေးနွေးတယ်၊ပ ထမနေ့ကတော့ ဒီလောက်ပဲပြောနိုင်သေးတယ်”ဟုဆိုသည်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်သွားရမည်ကို  ဆွေးနွေးပွဲ ဒုတိယနေ့တွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း ဦးအေးသာအောင်ကဆိုသည်။
ယင်းဆွေးနွေးပွဲ ပထမနေ့တွင် သယံဇာတခွဲဝေရေးနှင့် အခွန်ဘဏ္ဍာခွဲဝေရေးဆိုင်ရာ သုတေသန စာတမ်းများ တင်ပြဆွေးနွေးခြင်းကိုလည်းပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly