ပခုက္ကူမြို့နယ်၌ တရားမဝင်သစ်များဖမ်းဆီးရမိ၊ ပိုင်ရှင်မဲ့ အဖြစ်အမှုဖွင့်ထား

ပခုက္ကူမြို့နယ်၌ တရားမဝင်သစ်များဖမ်းဆီးရမိ၊ ပိုင်ရှင်မဲ့ အဖြစ်အမှုဖွင့်ထား

ပခုက္ကူ၊  မတ် ၁၀ရက် ။             ။ ပခုက္ကူမြို့နယ် မကျည်းပင်ပုအုပ်စု ဘုရားကုန်းကျေးရွာအနီး ရပ်နားထားသည့် ရေယာဉ်ပေါ်တွင် မတ်လ ၉ရက်နေ့က ဖမ်းဆီးရမိသည့် သစ်များအား ပိုင်ရှင်မဲ့အဖြစ် အမှုဖွင့်ထားကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။

"ဖမ်းဆီးထားတဲ့သစ်တွေအတွက် ဒီနေ့ နံနက်ခင်းပိုင်းမှာ အမှုလာဖွင့်သွားပါတယ်။ ဒီသစ်တွေရဲ့ ပိုင်ရှင်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ကျရဲအရှိတစ်ဦးက ပြောသည်။

တရားမဝင်သစ်များ တွေ့ရှိသည့်ကိစ္စအား ပခုက္ကူမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီးမှ တရားလိုပြုလုပ်ကာ မတ်လ ၁၀ရက်က အမှုဖွင့်ထားခြင်းဖြစ်သည်။ ဖမ်းမိသည့် သက်သေခံ ပစ္စည်းများကိုလည်း ပခုက္ကူမြို့နယ် သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားကြောင်း သိရသည်။

"ဖမ်းဆီးရှိတဲ့ သစ်တန်ရေက ၁၅တန်ကျော်ပါတယ်။ သစ်တွေနဲ့ သစ်တင်ဆောင်လာတဲ့ ရေယာဉ်ကို သစ်တောဦးစီးဌာန အနေနဲ့ ထိမ်းသိမ်းထားပါတယ်"ဟု ပခုက္ကူမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ဆိုသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ တရားမဝင်သစ်များ၏ ပိုင်ရှင်အား စုံစမ်းလျက်ရှိပြီး (ပ)၁၄၉/၂၀၁၇ အများပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေ ပုဒ်မ (၆၁)အရ ပခုက္ကူမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly