စာမေးပွဲကာလအတွင်း အောင်လံမြို့ အထက(၁)ကျောင်းရှေ့ ပြည်လမ်း ခေတ္တယာယီပိတ်ထား

စာမေးပွဲကာလအတွင်း အောင်လံမြို့ အထက(၁)ကျောင်းရှေ့ ပြည်လမ်း ခေတ္တယာယီပိတ်ထား

အောင်လံ မတ် ၁၀ ။           ။ မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့တွင် အထက(၁) ကျောင်းရှေ့ ပြည်လမ်းမကြီးအား ကားဟွန်းတီးသံ ကားစက်သံတို့၏ ဆူညံမှုကြောင့် ကျောင်းသူ/သားများ စိတ်အနှောက်ယှက်မဖြစ်စေရန် ယာယီပိတ်ထားကြောင်း သိရှိရပါသည်။

ဆယ်တန်းစာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ကျောင်းရှေ့ ပြည်လမ်းမကြီးအား ပိတ်ပြီး ကျောင်းမြောက်ဘက် ၁၅ လမ်း နှင့်   ကျောင်းတောင်ဘက် ၁၇ လမ်းကို လမ်းလွှဲအဖြစ် ပြုလုပ်ထားကြောင်း ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ယာဉ်ထိမ်းရဲ ရဲဒုတပ်ကြပ် ကိုဟိန်းမင်းထွန်းက ပြောသည်။

ကျောင်းရှေ့ ပြည်လမ်းမကြီးသည် ရန်ကုန်မန္တလေး အဝေးပြေးလမ်းမကြီးဖြစ်ပြီး  မြို့ထဲမိန်းလမ်းမကြီး ဖြစ်သောကြောင့် အချိန်ပြည့်ယာဉ်သွား ယာဉ်လာမပြတ်သောကြောင့်  ပိတ်ထားခြင်းဖြစ်သည်။

ထိုသို့ ပိတ်ထားခြင်းအား  "ပိတ်ထားတာ ကောင်းပါတယ်''ဟု အနှေးယာဉ်မောင်း(ဆိုက်ကား)  ဦးမောင်မောင်က ထောက်ခံ ပြောဆိုသည်။

စာမေးပွဲကာလအတွင်း ခုလိုစောင့်ကြပ်လုပ်ဆောင်ပေးထားသာကြောင့် ကျောင်းသားမိဘနှင့် မြို့နေလူထုမှ ဝမ်းသာလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly