တစ်​နှစ်​​လုံး​ ​ရေလုံ​လောက်​စွာရရှိရေး ကျေးရွာရေကန် ပြုပြင်ရန် အလှူငွေလိုအပ်နေ

တစ်​နှစ်​​လုံး​ ​ရေလုံ​လောက်​စွာရရှိရေး ကျေးရွာရေကန် ပြုပြင်ရန် အလှူငွေလိုအပ်နေ

မ​ကွေး၊ မြိုင်​၊ မတ်​ ၁၀ ။                ။ မ​ကွေးတိုင်​း​ဒေသကြီး၊ မြိုင်​မြို့နယ်​၊​ ကျော်​ရွာ​ကျေးရွာ၌   လက်​ရှိအသုံးပြု​နေ​သော​ရေကန်​အား ပြုပြင်​ရန်​ ကျပ်​သိန်​း ၁၅၀ ခန်​့ လိုအပ်နေကြောင်​း ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးတင့်ထွေးက ပြောသည်။

​" ဒီကန်​ကို ပြုပြင်​လိုက်​မယ်​ဆို အဆင်​​ပြေပါတယ်။ ရေက ​တောင်​​ခြေကယူထားတာဆို​တော့ မိုးတွင်​းမှာ လာတယ်​။ ကန်​က မဆန်​့​တော့ အခက်​​တွေ့နေတာ"ဟု ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးတင်​့​ထွေးမှ မဇ္စျိမသို့​ ပြောသည်။

 ယခင်နှစ်ကလည်း အဆိုပါကျေးရွာ၌ ရေအခက်အခဲရှိခဲ့ပြီး ယခုနှစ် တစ်​နှစ်​ပတ်​လုံး​ ရေလုံ​လောက်​စွာရရှိရေးအတွက် ရေကန်အား တိုးချဲ့ပြုပြင်ရန် လိုအပ်ခြင်းဖြစ်သည်။

လက်​ရှိအသုံးပြု​နေ​သော​ ​ရေကန်​ကို ရွာရှိအိမ်​​ခြေ  ၅၁၀ ခန့်က အသုံးပြုနေပြီး  ရာသီတုပူပြင်​းမှုနှင့်ကန်​စိမ်​့ထွက်​မှု​ကြောင်​့ ယခင်​နှစ်​များထက် ရေ​​လျော့နည်​း​နေ​ကြောင်​း သိရသည်​။

ယခုနှစ် ​မိုးအဝင်​​နောက်​ကျပါက  ၎င်းတို့ဒေသအတွက် ​ရေအခက်​အခဲရှိနိုင်​​ကြောင်​း ကျော်​ရွာမှ ဒေသခံ ကို​ဇော်​လင်းက ပြောသည်။
 
ယခင်နှစ်ကလည်း ရေအခက်အခဲရှိခဲ့ပြီး ပခုက္ကူမှ​ စေတနာရှင်​များ၊ မြိုင်​မြို့ မီးသတ်​ဦးစီးဌာနတို့မှ လာ​ရောက်​လှူဒါန်​းခဲ့ပြီး ​ရေရှည်​တွင်​ အဆင်​မ​ပြေခဲ့​ကြောင်​း ဒေသခံရွာသူရွာသားများက ဆိုသည်။

ကျော်ရွာ ရေကန်​ကို ၂၀၁၂ခုနှစ်​က ဂျပန်​အစိုးရနှင်​့ပြည်​သူများ၏ ​ထောက်​ပံ့​ငွေဖြင်​့ အကောင်​အထည်​​ဖော်​ ​ဆောင်​ရွက်​ခဲ့​ခြင်းဖြစ်သည်။ ထို့ကြောင့် ရေကန်ပြုပြင်နိုင်ရေးအတွက် ​ကျော်​ရွာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးဦးတင်​့​ထွေး၊ ဖုန်​းနံပါတ်  09777754710 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly