ဖိလစ်ပိုင်သမ္မတက လွှတ်တော် ငြင်းဆန်၍ နိုင်ငံခြားရေးဝန်ကြီးသစ် အစားထိုး

ဖိလစ်ပိုင်သမ္မတက လွှတ်တော် ငြင်းဆန်၍ နိုင်ငံခြားရေးဝန်ကြီးသစ် အစားထိုး

မနီလာ၊ မတ် ၁၀ ။                ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်းခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးကို ကွန်ဂရက်လွှတ်တော်က နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး ငြင်းပယ်လိုက်ပြီးနောက် မတ် ၉ ရက်တွင် အစားထိုးခန့်အပ်သည်။

သံတမန်တစ်ဦးဖြစ်သူ အန်ရီကွာမန်နိုလိုအား နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခြင်းဖြစ်သည်။

ယခင် ပါဖစ်တိုယာဆေးအား အမေရိကန်နိုင်ငံသားခံယူထားသူဟု မီဒီယာများက ဖော်ပြခဲ့ပြီးနောက် လွှတ်တော်အနေဖြင့် ၎င်းအား ငြင်းဆန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အစားထိုးခြင်းဖြစ်သည်။

“ခုနိုင်ငံခြားရေးဝန်ကြီးသစ်အနေနဲ့ ငြင်းပယ်ခံရတဲ့ ယာဆေးနဲ့အတူ တကယ့်အရေးကြီးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားရဖို့ရှိတယ်။”လို့ သမ္မတရုံး ပြောခွင့်ရသူ အဘီလီယာက ထုတ်ပြန်ချက်တွင် ဖော်ပြခဲသည်။

ယာဆေးအနေနဲ့က အခြားသောနိုင်ငံသားလက်မှတ်ကိုင်ဆောင်ခြင်းကို ရေရှည်ငြင်းဆန်နေခဲ့တာဖြစ်ပြီး မတ် ၆ ရက်နေ့တွင်မှ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားခြင်းကို ဝန်ခံခဲ့ခြင်းဖြစ်သည်။

ထိုအတွက် ဖိလစ်ပိုင်အစိုးရက ယာဆေးနေရာတွင် နောက်ထပ်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးကို အစားထိုးခန့်အပ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags