ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အာဂျင်တီးနားက ထိပ်ဆုံးမှာ ရပ်တည်၊ မြန်မာအသင်း (၁၃)ဆင့် ကျသွားခဲ့

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အာဂျင်တီးနားက ထိပ်ဆုံးမှာ ရပ်တည်၊ မြန်မာအသင်း (၁၃)ဆင့် ကျသွားခဲ့
(ဓာတ်ပုံ - အီးပီအေ)

မတ်လအတွက် ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ အာဂျင်တီးနားအသင်းက ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

ဒီလအတွက်ထိပ်ဆုံး (၁၀) နေရာမှာ အပြောင်းအလဲမရှိခဲ့ပဲ ဒုတိယနေရာက ဘရာဇီးလ်နောက်မှာ ဂျာမနီအသင်းက ရပ်တည်နေပါတယ်။

အဆင့် ၄ နေရာက ချီလီနောက်မှာ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်၊ ကိုလံဘီယာက အဆင့် ရ သူ့နောက်မှာ ပေါ်တူဂီ၊ ဥရုဂွေးနဲ့ စပိန်အသင်းတို့ အသီးသီး ရပ်တည်နေပါတယ်။

အင်္ဂလန်အသင်းက အဆင့် ၁၃ မှ ၁၄ သို့ ကျဆင်းသွားခဲ့ပြီး မြန်မာအသင်းမှာလည်း အဆင့် ၁၅၉ မှ ၁၇၂ သို့ ကျဆင်းသွားခဲ့ပါတယ်။

အီဂျစ်အသင်းက အဆင့် ၂၃ နေရာမှ ၂၀ ထိ ခုန်တက်လာခဲ့ပြီး အာရပ်နှင့် အာဖရိကနိုင်ငံအသင်းတွေကို ဦးဆောင်နေပါတယ်။

အာရှမှာ အီရန်အသင်းက ကမ္ဘာ့အဆင့် ၃၃ နဲ့ ဦးဆောင်လျက်ရှိကြောင်းလည်း သိရပါတယ်။

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀) သင်း

၁) အာဂျင်တီးနား
၂) ဘရာဇီးလ်
၃) ဂျာမနီ
၄) ချီလီ
၅) ဘယ်လ်ဂျီယံ၊
၆) ပြင်သစ်
၇) ကိုလံဘီယာ
၈) ပေါ်တူဂီ
၉) ဥရုဂွေး
၁၀) စပိန်

ဆက်လက်ကြည့်ရှုရန်

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly