နေပြည်တော်တွင် ပျောက်ဆုံးဆိုင်ကယ် ၅ စီး ပိုင်ရှင်များ လာရောက်စုံစမ်းနိုင်

နေပြည်တော်တွင် ပျောက်ဆုံးဆိုင်ကယ် ၅ စီး ပိုင်ရှင်များ လာရောက်စုံစမ်းနိုင်
Photo: Judith Beyer/Felix Girke 2016

နေပြည်တော်၊ မတ်လ ၉ ။            ။ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်တွင်း ပျောက်ဆုံးဆိုင်ကယ်ပိုင်ရှင်များ အနေဖြင့် လာရောက်စုံစမ်းနိုင်သည်ဟု မတ်လ ၈ ရက်နေ့က နေပြည်တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇေယျာသီရိမြို့နယ်၊ ကျည်ထောင်ကျေးရွာ၊ လှေခွင်းတောင်ဘုရားကြီးအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ တိုးကိုကို(ခ)တုတ်ကြီး၊ ၁၉နှစ်(ဘ)ဦးဌေးလွင်၊ မွန်းတည့်ခွင်တောင်ရွာနှင့် မန်မွတ်(ခ)နေဇော်၊ ၂၁နှစ်(ဘ)ဦးညွန့်ဝင်း၊ မွန်းတည့်ခွင်တောင်ရွာ၊ ကျည်တောင်အုပ်စု၊ ဇေယျာသီရိမြို့နယ်နေသူတို့ ၂ ဦးသည် ဆိုင်ကယ် ၁ စီးအား မသင်္ကာဖွယ်ရာ လိုက်လံရောင်းချနေတွေ့ ရှိရသဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးရာ မှ ဇေယျာသီရိမြို့နယ်အတွင်းမှ ဆိုင်ကယ် ၈ စီးအား ခိုးယူခဲ့ ပြီး၊ ခိုးယူခဲ့သောဆိုင်ကယ်များအား ရောင်းချထားပြီးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်ဟု ဖော်ပြပါရှိသည်။

၄င်းတို့နှစ်ဦး ခိုးယူလာသောဆိုင်ကယ် ၈ စီးအား သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းရယူခဲ့ပြီး ဆိုင်ကယ်ရှစ်စီး အနက် ၃ စီး၏ ဆိုင်ကယ်ပိုင်ရှင်များကို စုံစမ်းရရှိထားသော်လည်း ကျန်ရှိသည့်ဆိုင်ကယ် ၅ စီး ၏ပိုင်ရှင်များအနေဖြင့် ် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရဲစခန်းတွင် သွားရောက်ကြည့်ရှုနိုင်သည်။ ဆိုင်ကယ်ပျောက်ဆုံးမှုအတွက် ရေဆင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲဝင်းထွန်း (09 402 675 603) နှင့် ဒုရဲအုပ်ဝင်းနိုင်၊ နယ်ထိန်းခေါင်းဆောင် (09 400 310 320) တို့ထံတွင် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း နေပြည်တော်ရဲတပ်ဖွဲ့၏ လူမှုကွန်ယက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly