တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့ ဒုတိယနေ့ ကျောင်းသားတစ်ချို့ရဲ့ အသံ

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့ ဒုတိယနေ့ ကျောင်းသားတစ်ချို့ရဲ့ အသံ
ဓာတ်ပုံ-သူရ

ဒီကနေ့ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့ ဒုတိယနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ အင်္ဂလိပ်ဘာသာရပ်ကို ဖြေဆိုရတာဖြစ်ပြီးတော့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေရဲ့ အမြင်သဘောထားတွေကို Mizzima TV က လိုက်လံမေးမြန်းထားပါတယ်။ ကျောင်းသားအများစုကတော့ အင်္ဂလိပ်ဘာသာရပ်ကို အလွယ်တကူဖြေဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။

 မယဉ်ဝေနှင်း (အထက-၄ ဗိုလ်တထောင်၊ ကျောင်းသူ)

အခက်အခဲက သိပ်တော့မရှိပါဘူး။ ပေးထားတဲ့ပုံစံအတိုင်းပဲ ကိုယ့်ဟာကိုယ် ဖြေတာပါပဲ။ ရတော့ရပါတယ်။ တခြားဘာသာတွေအတွက်လည်း အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။   မေးတဲ့မေးခွန်းပေါ်မူတည်ပြီး ကြိုးစားပြီး ဖြေဆိုသွားမှာပါ။ ဒီစာမေးပွဲကို အောင် အောင်တော့ ဖြေသွားမှာပါ။ အောင် အောင် ဖြေပြီးတာနဲ့ ကိုယ်လုပ်ချင်တာတွေနဲ့ Plan တွေ ချပြီးတော့ သင်တန်းတွေ ဘာတွေတက်ဖို့ စဉ်းစားထားပါတယ်။

 မောင်စိုင်းဖုန်းလွင် (အထက-၆ ဗိုလ်တထောင်၊ ကျောင်းသား)

ကိုယ့်ကိုကိုယ်လည်း ယုံကြည်ပါတယ်။ ဂုဏ်ထူးထွက်မယ်လို့လည်း ယုံကြည်ပါတယ်ဗျ။

 မနေခြည်မိုးလွင် (အထက-၄ ဗိုလ်တထောင်၊ ကျောင်းသူ)

Grammer အပိုင်းမှာ နည်းနည်း အခက်အခဲရှိပါတယ်။ တခြားဘာသာတွေမှာလည်း အမှတ်အများဆုံးရအောင် ကြိုးစားနေပါတယ်။

 ဒေါ်စန်းမေ (ကျောင်းသားမိဘ)

အဆင်ပြေတယ်။ အဆင်ပြေတယ်။ အကုန်ဖြေနိုင်တယ်လို့ပြောတာယ်။ “D” နှစ်ခု သုံးခုလောက်တော့ မှန်းထားတယ်။ အချိန်ပြည့်ကြည့်ပေးပြီးတော့ စာကျက်ခိုင်းတယ်၊ လုပ်ပေးတယ်။ ကိုက်တွေနဲ့ကော ကျူရှင်တွေနဲ့ရောပေါ့။

 ဦးခင်ရှိန် (ကျောင်းသားမိဘ)

နှစ်စတုန်းကစပြီးတော့ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ပေါ့နော်။ သူတို့တွေ ပုံမှန်လေး စာကျက်သွားဖို့ အရေးကြီးပါတယ်။ ကလေးတိုင်း ကလေးတိုင်းက ပုံမှန်စာကြိုးစားသွားလို့ရှိရင် ဆယ်တန်းစာမေးပွဲက အခက်အခဲမရှိ အောင်မြင်နိုင်မှာပါ။ ဖြစ်ချင်တာကတော့ အများကြီးပေါ့ကွာ။ ဒါပေမယ့် ဘာဖြစ်လာဦးမလဲဆိုတာတော့ အတိအကျ မသိသေးဘူးပေါ့နော်။ ဖြစ်ချင်တာတော့ အများကြီးဖြစ်ချင်တာပေါ့။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါအရ သူ့ပညာအတိုင်းအဆပေါ်မှာလဲ မူတည်သေးတယ်။ အောင်မြင်တဲ့အတိုင်းအဆပေါ်မှာလည်း မူတည်သေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly