မြန်မာနိုင်ငံတွင် ပထမဆုံး Bloomberg Invest Myanmar ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံတွင် ပထမဆုံး Bloomberg Invest Myanmar ဆွေးနွေးပွဲကျင်းပ

ရန်ကုန်    မတ်   ၉ ။              ။ နိုင်ငံတကာမီဒီယာကြီးတစ်ခုဖြစ်သည့် Bloomberg က မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် Bloomberg Invest Myanmar ဆွေးနွေးပွဲကို ယနေ့(မတ်လ ၉) နံနက်ပိုင်းက ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည််။

ယင်းဆွေးနွေးပွဲသည် နိုင်ငံတကာမီဒီယာတစ်ခုကို အသုံးချပြီး ဆွေးနွေးရသည့်အတွက် ပြည်သူများ အကျိုးရှိသည်ဟု မက်စ်မြန်မာကုမ္ပဏီအုပ်စု၏ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခင်းအကျင်းအရ လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်ရန် လိုအပ်နေ သည်ဟု ဦးဇော်ဇော်က ပြောသည််။

"မြန်မာပြည်ရဲ့စီးပွားရေးရယ်၊ လက်ရှိအခင်းအကျင်းရယ်က ပြည်သူတွေမျှော်လင့်နေတဲ့ နိုင်ငံရဲ့အနာဂါတ်က စီးပွားရေးတိုးတက်မှုရှိမှ လှမှာဆိုတော့ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေတိုးတက်ဖို့ လိုအပ်သလို နိုင်ငံတကာနဲ့ ပေါင်းကူးလုပ်ဖို့ လိုတယ်လေ။ ဒီလို အင်တာနေရှယ်နယ် မီဒီယာတစ်ခုကို အသုံးပြုဆွေးနွေးခွင့်ရတော့ ကမ္ဘာထိ ကျယ်ကျယ်ပြန့်ပြန့် သိစေတာပေါ့။" ဟု ဦးဇော်ဇော်က ပြောသည််။

ယခင်အစိုးရလက်ထက်တွေတုန်းက မြန်မာနိုင်ငံ၏ စီးပွားရေးအနေအထားတွေကို လူသိသင့်သလောက် သိခွင့်မရသည့်အတွက် ဆွေးနွေးပွဲကို အသုံးပြုပြီး တစ်ခြားနိုင်ငံတွေက စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ ပညာရှင်ပုဂ္ဂိုလ်တွေကို ချိတ်ဆက်ပေးချင်သည့်အတွက် ဝင်ရောက်ဆွေးနွေးတာဖြစ်သည်ဟု Jardines Company မှ Country Chairman မစ္စတာ ပီတာဘေနွန်(Peter Beynon)က ဆိုသည်။

ထို့ပြင် ဆွေးနွေးပွဲတွင် အစိုးရအနေနှင့် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်နိုင်ရန်အတွက် လစ်ဘရယ် လိုက်ဇေးရှင်းက အလွန်အရေးကြီးသည်ဟု မစ္စတာ ပီတာဘေနွန်(Peter Beynon)က ပြောသည််။

''ဒီဆွေးနွေးပွဲမှာ ကျွန်တော်အဓိကဆွေးနွေးသွားတာက မြန်မာနိုင်ငံမှာ နိုင်ငံတကာရင်းနှီးမြုပ်နှံမူတွေအတွက် လစ်ဘရယ်လိုက်ဇေးရှင်းကို ကျင့်သုံးဖို့ ဥပမာအားဖြင့် ဘဏ္ဍာရေး ငွေကြေးကိစ္စတွေအပြင် စီးပွားရေးဆိုင်ရာ အခြားကိစ္စရပ်တွေမှာ လွပ်လွပ်လပ်လပ်လုပ်ကိုင်နိုင်ဖို့ လစ်ဘရယ်လိုက်ဇေးရှင်းကို ကျင့်သုံးရမယ်။ ဒါမှလည်း ရင်းနှီး မြုှပ်နှံမယ့်သူတွေက စိတ်ချလက်ချ ဝင်ရောက်လာမှာ   ဖြစ်ပြီးတော့   မြန်မာနိုင်ငံရဲ့  စီးပွားရေးလည်း ဖွံဖြိုးလာမှာဖြစ်ပါတယ်'' ဟု မစ္စတာ ပီတာဘေနွန်(Peter Beynon) က ပြောသည််။

Bloomberg Invest Myanmar ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများအတွက် ရည်ရွယ်ပြီး မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၊ လက်ရှိရင်းနှီးမြှုပ်နှံနေသည့် လုပ်ငန်းရှင်ကြီးများလည်း တက် ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly