ဆရာတော် ဦးဝီရသူ တရားပွဲ ဧရာဝတီတိုင်းဒေသကြီးအစိုးရ ခွင့်မပြု

ဆရာတော် ဦးဝီရသူ တရားပွဲ ဧရာဝတီတိုင်းဒေသကြီးအစိုးရ ခွင့်မပြု

ပုသိမ်၊ မတ်လ ၉ ။             ။ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု ၊ တာတပေါရွာ တွင် မတ်လ ၈ ရက်နေ့ညတွင် ဘန္ဒန္တ ဝိစိတ္တာဘိဝံသက(ဆရာတော် ဦးဝီရသူ)အား တရားပွဲအား ခွင့်ပြုချက်မရသေးဘဲ ဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံး ၊ညွန်ကြားရေးမှူးဦးမျိုးမင်းထွန်းက ပြောသည်။

"တရားပွဲတွေဆို တိုင်းအဆင့်က ဝန်ကြီးနှစ်ယောက်ခွင့်ပြုချက်လိုတယ်။ အခု တိုင်းအဆင့်ကိုလည်း တင်ပြထားတာမရှိဘူး၊ ခွင့်ပြုထားတာလည်းမရှိဘူး ဝန်ထမ်းတွေဘက်ကို စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး စစ်ဆေးမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံး ညွန်ကြားရေးမှူးဦးမျိုးမင်းထွန်းက ပြောသည်။

တရားပွဲကို မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေး ခရိုင်ရဲတပ်ဖွဲ့ကတိုင်းကို တင်ပြရကြောင်း၊ ယခု တိုင်းအဆင့်ကို တင်ပြထားမှု မရှိကြောင်း ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ပုသိမ်မြို့နယ်များတွင် ဆရာတော်ဘန္ဒန္တ ဝိစိတ္တာ ဘိဝံသ တရားပွဲများတွင် ဟောပြောခွင့်မရရှိခဲ့ပေ။

အလားတူ ဖေဖော်ဝါရီလအတွင်းက ပုသိမ်မြို့တရားဟောပွဲနှင့် ပတ်သက်ပြီး စည်ပင်သာယာဝန်ကြီးက  "တရားပွဲတစ်ခု ခွင့်ပြုဖို့ လျှောက်ထားလာတယ်။ ဟောပြောမဲ့ဆရာတော်တွေက ပထမညမှာ ပုသိမ်၊ မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ဟောမယ်။ ဒုတိယညမှာ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်( ဆရာတော်ဦးဝီရသူ) ဟောမယ်ဆိုတာတွေ့ရတယ်။ အဲဒီအပေါ်မှာ အပေါ်မှာ ပြည်သူတွေ မှတ်ချက်ပေးထားတာတွေ အများကြီးတွေ့နေရတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly