လက်ပံတိုရေနံ​မြေ​ပေါ်ထွက်​၍ ဒေသခံများ အလုပ်​အကိုင်​အခွင်​့အလမ်​းများ ရရှိ

လက်ပံတိုရေနံ​မြေ​ပေါ်ထွက်​၍ ဒေသခံများ အလုပ်​အကိုင်​အခွင်​့အလမ်​းများ ရရှိ
ဓာတ်ပုံ- ဇင်ကိုဝင်း

မ​ကွေး၊​ မတ်​ ၉ ။           ။ မ​ကွေးတိုင်​း​ဒေသကြီး၊​ ပေါက်​မြို့နယ်​၊ လက်​ပံတို​ကျေးရွာအနီး၌ ​ရေနံ​မြေ​ပေါ်ထွက်​၍ အလုပ်​အကိုင်​အခွင်​့အလမ်​းများရရှိလာ​ကြောင်​း ရွာသူရွာသားများထံက သိရသည်​။

ယခုနှစ်​ ဇန်​နဝါရီလ​မှ စတင်​​ခဲ့ပြီး လက်​ရှိအချိန်​၌ ​ရေနံတူးစက်​ ၅၀ ကျော်​ဖြင်​့တူ​းဖော်​လျက်​ရှိ​ကြောင်​း သိရပြီး ရေနံတစ်​ကျင်​းကို သိန်​း ၁၀၀ခန်​့ ကုန်​ကျကြောင်း သိရသည်။

တစ်​ရက်​လျှင် ရေနံ ၃ စည်​ မှ ၅ စည်​ ထွက်​ရှိ​၍ တစ်​စည်​ ကျပ်​ ရ၅၀၀၀ မှ ၈၂၀၀၀ အထိ​စျေး​ပေါက်​ကြောင်​း မြိုင်​မြို့နယ်​၊ ဆူးဝင်​းရွာမှ လာ​ရောက်​တူး​ဖော်​​သူ ဦးတိုက်​​ရွှေက
မဇ္စျိမသို့​ ပြောသည်​။

“​ရေနံ​ပေါ်လာ​တော့ ရွာသူရွာသား​တွေ အလုပ်​အကိုင်​ရရှိလာတယ်​။ ကိုယ်​့​မြေ​ပေါ်မှာ ​ရေ​နံ​ပေါက်​ရင်​ ​မြေစုလည်​း ရတယ်​​လေ။​ ကျေးရွာလည်​း ဖွံ့ဖြိုးလာတာ​ပေါ့ ” ဟု လက်​ပံတို​​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက​ မဇ္စျိမသို့ ​ပြောသည်​။

လက်​ပံတို​ကျေးရွာအနီး​ရေနံ​မှော်​၌ ​ဒေသသီးသီးမှ လူဦး​ရေ ၅၀၀၀ ကျော်​ လာ​ရောက်​အလုပ်​လုပ်​ကိုင်​လျက်​ရှိ​ကြောင်​းသိရသည်​။

ယခင်​က လက်​ပံတို​ကျေးရွာနှင်​့ ၅ မိုင်​ကွာ​ဝေး​သော မြိုင်​မြို့နယ်​ ဆူးဝင်​းရွွာ၊၂ မိုင်​​ကျော်​ကွာ​ဝေး​သော ဝယ်​​တောင်​(တောင်)ရွာ၊ ၄ မိုင်​​ကွာ​ဝေး​သော ဝယ်​​တောင်​(မြောက်)ရွာတို့ အနီး၌လည်​း ​ရေနံ​မြေများ​ပေါ်ထွက်​ခဲ့​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly