ကယားပြည်နယ် လွိုင်ကော်မြို့၌ ထိုင်းနိုင်ငံကုန်စည်ပြသ

ကယားပြည်နယ် လွိုင်ကော်မြို့၌ ထိုင်းနိုင်ငံကုန်စည်ပြသ
ပုံစာ - ထိုင်းနိုင်ငံမဲဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့အား ဇူလိုင် ၂၅ ရက်မနက်တွင် ကယားပြည်နယ်အစိုးရ တာဝန်ရှိသူများက လွိုင်ကော်လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ကယားပြည်နယ် လွိုင်ကော်မြို့၌ ထိုင်းနိုင်ငံကုန်စည်ပြသပွဲကို ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်ကြာ ကျင်းပနေကြောင်း သိရသည်။

ပြပွဲတွင် ကယားပြည်နယ်မှ ဆိုင်ခန်း ၁၀ ခန်း နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်မှ ဆိုင်ခန်း ၂၀ အသီးသီး ခင်းကျင်းရောင်းချနေသည်။

အဆိုပါ နှစ်နိုင်ငံဒေသထွက်ကုန်စည်ပြပွဲဖွင့်ပွဲကို ဇူလိုင် ၂၆ က လွိုင်ကော်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးနှင့် မယ်ဟောင်ဆောင်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဆူရာပို ဖုဆမ်ပိုတို့ တက်ရောက်သည်။
Ref; MOI

ဆက်စပ်သတင်းများ
ထိုင်းနိုင်ငံမဲဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှုး Surapon Manasampon နှင့် အဖွဲ့အား ဇူလိုင် ၂၅ ရက်မနက်တွင် ကယားပြည်နယ်အစိုးရတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ - See more at: http://mizzimaburmese.com/article/2372#sthash.tzWtsDiG.dpuf

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly