ရန်ကုန်-ပြည်-မန္တလေး လမ်းမ၌ ယနေ့ မနက်အစောပိုင်း ယာဉ် ၂ စီးတိုက်မိ

ရန်ကုန်-ပြည်-မန္တလေး လမ်းမ၌ ယနေ့ မနက်အစောပိုင်း ယာဉ် ၂ စီးတိုက်မိ
ဓာတ်ပုံ- မျိုးချစ်သွေး( မြေလတ်)

ပြည် မတ်လ ၉ ။             ။ ယနေ့ မတ်လ ၉ ရက် နံနက် ၁:၀၀ အချိန်၌ ရန်ကုန်-ပြည်-မန္တလေးလမ်း တီတွက်ကျေးရွာအနီးတွင် လော်ရီကုန်တင်ကား နှင့် ခရီးသည်တင် Express ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ရန်ကုန်ဘက်မှ လာသော ရန်ကုန်-စလင်း- ဆင်ဖြူကျွန်း ပြေးဆွဲနေသော MB Express နှင့် မန္တလေးဘက်မှ မောင်းလာသော ကုန်တင်လော်ရီကား ကားနံပါတ် YGN 3-E 5813 တို့ တစ်စီးနှင့်တစ်စီး ရှောင်တိမ်းရာမှ တိုက်မိခဲ့ခြင်းဖြစ်သည်။

လော်ရီကား နောက်ဘက်ပိုင်းနှင့် Express ရှေ့ဘက် ဘယ်ဘက်အခြမ်းတို့ တိုက်မိခဲ့ပြီး ယာဉ်အကူ ဒဏ်ရာရှိခဲ့သော်လည်း ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly