ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရေလျှံ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရေလျှံ
ကျော်တော်မြို့ ရေကြီးမှု မြင်ကွင်း ။ ဓါတ်ပုံ - MOI

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင် ၂၇ ၌ ကစ္ဆပနဒီမြစ်သည် မူလစိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသဖြင့် တောင်ကျရေများစီးဝင်၍ ကစ္ဆပနဒီမြစ်ရေ လျှံတက်လာမှုကြောင့် ကျောက်တော်မြို့ရပ်ကွက်တချို့ရေကြီးနေပြီး ကွန်းအုံချောင်း၊ ပုဏ္ဏားရွာ၊ ဘုရားပေါင်း၊ ကြောင်စွယ်ဖြူ၊ ပြောင်းဆိပ်၊ ခွဆုံ၊ ဘရာဝါ၊ အောင်ဇေယျ၊ ချောင်းတူ၊ ပန်းဖဲချောင်း၊ ကန်စောက်၊ သရက်တပင်၊ ရွာမပြင် စသည့် ကျေးရွာများမှ နေအိမ်များသို့ ရေ ၂ ပေကျော်ထိ ဝင်ရောက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly