မြန်မာအသင်းနှင့် အီကွေတိုရီယယ်ဂီနီအသင်းတို့ ခြေစမ်းပွဲကစားရန် ရက်ညှိုနှိုင်းနေ

မြန်မာအသင်းနှင့် အီကွေတိုရီယယ်ဂီနီအသင်းတို့ ခြေစမ်းပွဲကစားရန် ရက်ညှိုနှိုင်းနေ

မတ် ၃ ၊ ရန်ကုန်။              ။ မတ်လ ၂၈ ရက်တွင် အိန္ဒိယအသင်းနှင့် ကစားမည့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အာဖရိကအသင်း အီကွေတိုရီယယ်ဂီနီအသင်းတို့ ခြေစမ်းကစားရန် ရက်ညှိုနှိုင်းမှုများပြုလုပ်နေသည်။

မြန်မာအသင်းနှင့် အီကွေတိုရီယယ်အသင်းတို့ခြေစမ်းရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်အကြား သဘောတူညီမှုရယူထားပြီးဖြစ်သော်လည်း ကစားမည့်ရက်သဘောတူညီမှုမရသေးသဖြင့် တရားဝင် သတင်းမထုတ်ပြန်သေးခြင်းဟု မြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။

" နှစ်ဖက်သဘောတူညီမှုရပြီးပါပြီ။ ကိုးဆယ်ရာခိုင်နှုန်းသေချာပါတယ်။ ရက်က မတ်လ ၂၁ နဲ့ ၂၂ ဘယ်ရက်ဖြစ်မလဲဆိုတာ ညှိုနေတာပါ။ ရက်ညှိုလို့အဆင်ပြေတာနဲ့ သတင်းထုတ်ပြန်ပါမယ်" ဟု ဦးဇော်မင်းထို်က်က ဆိုသည်။

မြန်မာအသင်းမှာ ခြေစမ်းပွဲကစားရန်အတွက် မူလက အာရှအသင်းများကို ဖိတ်ကြားခဲ့သော်လည်း အဆင်မပြေသဖြင့် ကမ္ဘာ့အဆင့် ၁၁၀ ရှိ အာဖရိကအသင်း အီကွေတိုရီယယ်ဂီနီကို ကစားရန် ပြောင်းလဲ စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် အီကွေတိုရီယယ်ဂီနီအသင်းတို့ခြေစမ်းပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင်ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly