EXO အဖွဲ့ဝင် Tao ၏ တေးဂီတဗီဒီယို YouTube တွင် ပိတ်ပင်ခံရ

EXO အဖွဲ့ဝင် Tao ၏ တေးဂီတဗီဒီယို YouTube တွင် ပိတ်ပင်ခံရ

EXO အဖွဲ့ဝင် Taoသည် တေးဂီတဗီဒီယိုသစ်ကို ထုတ်ဝေခဲ့သော်လည်း အဆိုပါတေးသီချင်းဗီဒီယိုကို You Tubeက အွန်လိုင်းတွင် တင်ရန် ငြင်းဆိုခဲ့ကြောင်း ထိုင်ဝမ် မီဒီယာတစ်ခုက ပြောကြားသည်။

Taoသည်  EXO အဖွဲ့က ထွက်ခွာခဲ့ပြီးနောက် မကြာမီ တစ်ကိုယ်တော် အဆိုတော်အဖြစ် မီနီအယ်လ်ဘမ်ကို ပွဲဦးထွက် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ Tao၏ တေးသီချင်း ဗီဒီယိုအယ်လ်ဘမ်သစ်ကို You Tube က တစ်ရက်အတွင်း အများပြည်သူများသို့ ပြသခဲ့ရာမှ ထိုသို့အများပြည်သူများသို့ ပြသခွင့်ကို ပိတ်ပစ်ခဲ့သည်။

"SM ဖျော်ဖြေရေးအေဂျင်စီက အဆိုပါ တေးသီချင်းဟာ ခိုးကူးသီချင်းဖြစ်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီအတွက် You Tubeမှာ တင်တာကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်”ဟု  You Tube စာမျက်နှာတွင် ဖော်ပြထားသည်။ Tao သည် SM ဖျော်ဖြေရေးအေဂျင်စီနှင့် စာချုပ်ကိစ္စကို ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း နှင့် ယင်းကြောင့် SM ဖျော်ဖြေရေးအေဂျင်စီက Tao ၏ တေးသီချင်းဗီဒီယိုကို ခိုးကူးသီချင်းဟု ပြောဆိုခဲ့ပုံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly