ဗီယက်နမ်ရောက် မြန်မာ တပ်ချုပ်ကို“ဗိုလ်အောင်ဒင်” သီချင်းနဲ့ ဗီယက်နမ်တို့ ဖျော်ဖြေ

ဗီယက်နမ်ရောက် မြန်မာ တပ်ချုပ်ကို“ဗိုလ်အောင်ဒင်” သီချင်းနဲ့ ဗီယက်နမ်တို့ ဖျော်ဖြေ

ဗီယက်နမ် နိုင်ငံကို ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်ပြုညစာ စားပွဲမှာ ဗီယက်နမ် အဆိုတော်တစ်ဦးက “ဗိုလ်အောင်ဒင်” သီချင်းနဲ့ ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ဇနီး ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Ngo Xuan Lich မှ တည်ခင်းတဲ့ ညစာစားပွဲမှာ “ဗိုလ်အောင်ဒင်” သီချင်းနဲ့ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဒီဂုဏ်ပြုပွဲကို မတ်လ ၆ ရက်က ဗီယက်နမ်နိုင်ငံမှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်အောင်ဒင် သီချင်းရဲ့ မူရင်း အဆိုတော် မနောဖြစ်ပြီး အတော် ရေပန်းစားခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းစာသားတွေမှာ “ကိုယ်လူကြမ်းကြီးပေမယ့် အသည်းကတော့ နုပါတယ်” “ဗိုလ်အောင်ဒင် ကြမ်းတာ၊ ရမ်းတာ မကြောက်ပါနဲ့ မိန်းကလေးရယ်” စတဲ့ စာသားတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးနဲ့ ဗီယက်နမ်နိုင်ငံက ဗိုလ်ချုပ်ကြီးတွေရဲ့ ရှေ့မှာ သီဆိုခဲ့တဲ့ ဗီယက်နမ် အဆိုတော်ကိုလည်း အားပေးကြတာကို တွေ့ရပါတယ်။

ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ရ ရက်နေ့က  Viettel သုတေတနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနကိုလည်း သွားရောက်ခဲ့ပါတယ်။

Viettel Group ဒုတိယဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့ပြီး “မိမိတို့နိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍအား တိုးချဲ့ဆောင်ရွက်လျက်ရှိသော်လည်း ကျေးလက်ဒေသများနှင့် အလှမ်းကွာဝေးသော ဒေသများတွင် လိုအပ်ချက်များရှိနေသေးကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရေးအား ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားမည်” ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags