ဂျွန်စတုန်းကို ပေါင် ၂၆ သန်းဖြင့် ဒုတိယအကြိမ်ကမ်းလှမ်းရန် ချယ်လ်ဆီးပြင်ဆင်

ဂျွန်စတုန်းကို ပေါင် ၂၆ သန်းဖြင့် ဒုတိယအကြိမ်ကမ်းလှမ်းရန် ချယ်လ်ဆီးပြင်ဆင်

ဇူလိုင် ၂၇၊ လန်ဒန် ။       ။ ချယ်လ်ဆီးအသင်းသည် အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ပေါင် ၂၆ သန်းဖြင့် ၄၈ နာရီအတွင်း ဒုတိယအကြိမ်ကမ်းလှမ်းရန်ပြင်ဆင် နေသည်ဟု ဒေးလီးမယ်ရာသတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အဲဗာတန်အသင်းက ဂျွန်စတုန်းအတွက် ပေါင် ၃၄ သန်းဝန်းကျင်လိုချင်နေပြီး ယင်းမှာ နောက်တန်းကစားသမားတစ်ဦး အတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးလည်းဖြစ်သည်။

သို့သော်လည်း ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းသည် လွန်ခဲ့သည့်နှစ်ပတ်က ပေါင်သန်း ၂၀ ဖြင့်ကမ်းလှမ်းမှုပယ်ချ ခံရပြီးနောက် ပေါင်၂၆ သန်းဖြင့်သာထပ်မံ ကမ်းလှမ်းရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဂျွန်စတုန်းကို တယ်ရီ၏နေရာ ဆက်ခံမည့်သူအဖြစ် သတ်မှတ်ထားသည်။ အဲဗာတန်နည်းပြ မာတီနက်ဇ်နှင့် အသင်းပိုင်ရှင် ဘီလ်ကင်ရိုက်တို့ကမူ အင်္ဂလန်လက်ရွေးစင် ဂျွန်စတုန်းသည် ရောင်းရန်မဟုတ်ဟု ပြောဆို ထားသည်။

သို့သော် ချယ်လ်ဆီးအသင်းသည် ရာသီသစ်မစမီ ဂျွန်စတုန်းကိုခေါ်ယူလိုနေပြီး အာဆင်နယ်နှင့်ကစားမည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲ မတိုင်မီပင် ဖြစ်နိုင်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly